ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ တေလ်ဘူရီ ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ကုန်သေတ္တာတစ်ခုအတွင်း လူမှောင် ခို သွင်းခံရသူ ၃၅ ဦးကို သြဂုတ် ၁၆ ရက်က ရှာဖွေတွေ့ရှိခဲ့ရပြီး တစ်ဦးမှာ သေဆုံးနေကြောင်း သိရသည်။
လန်ဒန်မြို့အရှေ့မြောက်ပိုင်း အတ်စ်ကစ်နယ်မြေရှိ အဆိုပါ ဆိပ်ကမ်းတွင် ဘယ်လ်ဂျီယံနိုင်ငံ ဇီဘရူဂီမြို့ မှ ရောက်ရှိလာသော ကုန်သေတ္တာ တစ်လုံး အတွင်းမှ အော်ဟစ်အကူအညီတောင်းသံများကို ကြားခံ ရသော ကြောင့် ရှာဖွေမှုများ လုပ်ဆောင်ခဲ့ရာ အမျိုးသမီးနှင့်ကလေးငယ်များအပါအ၀င် ၃၅ ဦးကို တွေ့ရှိ ခဲ့ရပြီး ၎င်းတို့ သည် အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်သေတ္တာအတွင်းပါလာသူ အများစုသည် ရေဓာတ်ခမ်းခြောက်ခြင်းနှင့် ကိုယ်ခန္ဓာအပူချိန် လျော့ ကျခြင်းတို့ ဖြစ်ပွားခဲ့ပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။
အဆိုပါ ကုန်သေတ္တာသည် သြဂုတ် ၁၅ ရက်ညတွင် ဘယ်လ်ဂျီယံနိုင်ငံ ဇီဘရူဂီမြို့မှ Norstream ကုတို့ သင်္ဘော ဖြင့် တင်ပို့လိုက်ခြင်းဖြစ်ပြီး သြဂုတ် ၁၆ ရက် နံနက် ၅ နာရီတွင် ရောက်ရှိလာခြင်းဖြစ်သည်။
ဗြိတိန်တွင် လာရောက်အခြေချသည့် အိန္ဒိယနိုင်ငံသားအများစုသည် ပန်ဂျပ်ပြည်နယ်မှဖြစ်ပြီး ဆစ်ခ်လူမျိုး ငါးသိန်းခန့် ရှိကြောင်းသိရသည်။
အောင်ခင် | mizzima
မှတ်ချက်များ