Faster ဟု အမည်ပေးထားပြီး ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံအနောက်ဘက် ကမ်းရိုးတန်းအထိ မိုင်၅၀၀၀ (ကီလိုမီတာ ၈၀၀၀ ခန့်) ရှည်မည့် အဆိုပါ စီမံကိန်းတွင် ရေအောက် ကီလိုမီတာ ၁၁၃၀၀ မှ ကြိုးသွယ်တန်း မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားကာ ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည်ဟု ခန့်မှန်းထား သည်။
ဂျပန်နိုင်ငံဘက်တွင် အဆိုပါ ကေဘယ်လ်ကြိုးသည် ချိကုရနှင့်ရှိမ ကုန်းမြေဘက်သို့ ရောက်ရှိကာ အာရှတိုက်သို့ ဆက်လက်သွယ်တန်းနိုင်ရန် ပုံစံထုတ်ထား သည်။
အမေရိကန်နိုင်ငံဘက်တွင်လည်း လော့စ်အိန်ဂျလိ၊ ဆန်ဖရန်စစ္စကို ပို့လန်းနှင့် ဆီတယ်လ်မြို့များသို့ ချိတ် ဆက်မည်ဖြစ်သည်။
ရေအောက်ကေဘယ်လ်ကြိုးများမှ ထွက်သော သံလိုက်လှိုင်းများသည် ထိတ်လန့်ကြောက်ရွံ့နေသည့် ငါးတစ်ကောင်မှ ထွက်လာသော လှိုင်းနှင့် ဆင်တူသောကြောင့် ငါးမန်းတစ်ကောင်အနေဖြင့် အစာကို အလွယ်တကူ ရရှိပြီဟု ထင်မှတ်ကာ ကေဘယ်လ်ကြိုးများကို ကိုက်လာပါ က ပြတ်သွားခြင်းမရှိအောင် တာယာများတွင် အသုံးပြုသည့် Kevlar အမျှင်များကို အပြင်မှဖုံးအုပ်ကာ အသုံးပြုသွား မည်ဖြစ်ကြောင်း Google ကုမ္ပဏီမှ တာ ၀န် ရှိသူတစ်ဦးက ပြောကြားသည်။
အလင်းဖောက် ဖိုင်ဘာကေဘယ်များအား အသုံးပြုခြင်းဖြင့် တစ်စက္ကန့်လျှင် အချက်အလက် 1 Gigabit အထိ ပို့နိုင်ပြီး ကြေးနီကြိုးလိုင်းများကို အသုံးပြုခြင်းထက် အဆ ၁၀၀ ခန့် ပိုမို မြန်ဆန်ကြောင်း သိရသည်။
Daily Mail
မှတ်ချက်များ