ညီအစ်မနှစ်ဦးသည် ISIS သူပုန်များနှင့် လက်ထပ်ထားပြီး တစ်ဦး က မိမိအား ‘အကြမ်းဖက် အမွှာညီအစ်မ’ ဟု အမည်ပြောင်ဖြင့် ခေါ်ခြင်းကို အလွန်နှစ် သက်ကြောင်း ပြောကြား သည်။
အဆိုပါ ညီအစ်မအနက်မှ တစ်ဦးက “အကြမ်းဖက် အမွှာညီအစ် မလို့ အခေါ်ခံရတဲ့အပေါ်မှာ ကျွန်မကတော့ အရမ်းကြိုက် ပါတယ်။ ကျွန်မအတွက် တိုက် ချင်ခိုက်ချင် စိတ်တွေ ပိုမိုဖြစ်လာစေပါ တယ်။ ဆီးရီးယား တပ်ဖွဲ့တွေအပေါ် သတ်ဖြတ်နေတာကို ထောက်ခံပါတယ်။ ဒါဟာ ISIS အဖွဲ့အနေနဲ့ မိမိကိုယ်ကို ကာကွယ် တာပါ” ဟု ပြောကြားသည်။
ညီအစ်မနှစ်ဦးအနက်မှ တစ်ဦးက သူမအနေဖြင့် ဆရာဝန်ဖြစ် လိုကြောင်း သို့သော် ISIS သူပုန် များကို သာ ဆေးကုသပေး လိုကြောင်း ပြောကြားသည်။
မကြာသေးမီက တင်လိုက်သည့် ၎င်းတို့၏ တွစ်တာတွင် “ဆရာဝန်တွေဖြစ်ဖို့ ကြိုးစားသလို တိုက်ခိုက်ရေး သမားတွေဖြစ် ဖို့လည်း ကြိုးစားတော့မှာပါ။ ISIS တွေအတွက် ဆရာဝန်ဖြစ်ဖို့ ကြိုးစားသွားမယ်” ဟု ရေး သားထားသည်။
၎င်းတို့နှစ်ဦးသည် ဆီးရီးယားနိုင်ငံမှ ISIS သူပုန်များ၏ ခြေကုပ်ဒေသဖြစ်သော ရက္ကာမြို့တွင် အခြေချ နေ ထိုင်လျက်ရှိကြောင်းသိရသည်။
၎င်းတို့နှစ်ဦးသည် အင်္ဂလန်မှ တူရကီသို့ လေယာဉ်ဖြင့် သွားရောက်ကာ နယ်စပ်မှတစ်ဆင့် ဆီးရီးယားသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ သူတို့၏ မိဘများက စည်းကမ်းတင်းကြပ်ပြီး သမီးနှစ်ယောက်အားအခြား ကလေးများနှင့် လမ်းပေါ်တွင် ဆော့ကစားခွင့် မပြုခဲ့ကြောင်း အိမ်နီးချင်းဟောင်းတစ်ဦးက ပြောကြားသည်။
Mizzima

မှတ်ချက်များ