ပင့်ကူကို မီးရှို့သတ်ရာမှ နေအိမ်မီးလောင်

ဝေလပြည်နယ်တွင် ပင့်ကူတစ်ကောင်အား မီးရှို့ သတ်လိုက်ရာမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင် ကျွမ်း သွားခဲ့သည်။

ဝေလပြည်နယ်တောင် ပိုင်းဘရစ်ခ်ျ အန်းဒ်ရှိ ကင် ဖစ်ဂ်ဟေးလ်ကျေးရွာ တွင် နေထိုင်သူအမျိုး သမီးက သူမ၏ နေအိမ်တွင် ရှိနေသည့် ပင့်ကူ တစ်ကောင် အား ဖယ်ရှားရန် ဆွေ မျိုးတစ်ဦးကိုအကူအ ညီတောင်းခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် ပင့်ကူအား လေဖိအားသုံး ဆေးရည်ဗူးဖြင့် ဖြန်းပက်ခဲ့ပြီးနောက် မီးရှို့ လိုက်ခြင်းဖြစ်သည်။ သို့သော် ပင့်ကူအားမီးရှို့ ရာမှ နေအိမ်ကိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သည်။

ဝေလပြည်နယ်တောင်ပိုင်း မီးသတ်တပ်ဖွဲ့ ပင့်ကူများအား လေဖိအားသုံး ဆေးရည်ဗူးအသုံးပြု၍ ဖယ် ရှားခြင်းမပြုကြရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ယခုဖြစ်ရပ်တွင် ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။

Mizzima


မှတ်ချက်များ