ရုရှား ဟက်ကာအဖွဲ့ username နှင့် password ၁.၂ ဘီလီယံ ခန့်ကို ခိုးယူ

ရုရှားအဖွဲ့ တစ်ခုသည် အီးမေးလ် လိပ်စာ သန်း ၅၀၀ ကျော်နှင့် သက်ဆိုင်သည့် ယူဇာနိမ်း (username အသုံးပြုသူ အမည်) များ နှင့် ပတ်စ်ဝါ့ဒ် (password-လျှို့ဝှက်နံပါတ်) များ ၁.၂ ဘီလီယံ ခန့် (သန်း ၁၂၀၀) အား ကွန်ပျူတာ စနစ်ကို ချိုးဖောက် ကာ ခိုးယူ အသုံးပြု နိုင်ခဲ့ကြောင်း အမေရိကန် ကုမ ဏီ တစ်ခု ဖြစ်သည့် ဟိုးလ်ဒ်စက် ကယူရတီ (Hold Security) ကုမ္ပဏီက ဆိုသည်။

ထိုကွန်ပျူတာ စနစ် ချိုးဖောက် မှုမှာ ယနေ့ အချိန် အထိ “အကြီးမား ဆုံးသော အချက်အလက် ချိုးဖောက် ရယူမှု” ဖြစ်ကြောင်း Hold Security ကုမ္ပဏီက ဆိုသည်။

ခိုးယူ ခံခဲ့ရသော သတင်း အချက်အလက် များမှာ ဝက်ဘ်ဆိုဒ် ၄၂၀၀၀၀ ကျော်မှ ဖြစ်ကြောင်း နှင့် ကမ္ဘာ အဝှမ်းရှိ ကဏ္ဍ အားလုံးနီးပါးမှ ခေါင်းဆောင် အများ အပြား၏ ဝက်ဘ်ဆိုဒ် များလည်း ပါဝင်ကြောင်း ဆို သည်။ အချက် အလက်များ ခိုးယူ ခံခဲ့ရသည့် ကုမ္ပဏီများ အကြောင်း အသေး စိတ်ကိုမူ Hold Security ကုမ္ပဏီက ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

“အဲဒီသူ တွေဟာ ကုမ္ပဏီကြီး တွေကိုပဲ ပစ်မှတ် ထားခဲ့တာ မဟုတ်ပါဘူး။ သူတို့ရဲ့ ပစ်မှတ်တွေ သွားရောက် ခဲ့တဲ့ ဝက်ဘ်ဆိုဒ်တိုင်း ကိုပါ ပစ်မှတ် ထားခဲ့ တာပါ” ဟု Hold Security က အစီရင် ခံစာထဲတွင် ဆိုထားသည်။

“ဝက်ဘ်ဆိုဒ်တွေ သိန်းပေါင်း များစွာကို အကျိုးသက်ရောက် ခဲ့ပြီးတော့၊ အဲဒီ စာရင်းထဲမှာ ကမ္ဘာ အဝှမ်းက ကဏ္ဍ အားလုံးနီးပါးက ခေါင်းဆောင် တွေရဲ့ ဝက်ဘ်ဆိုဒ် တွေသာမက သေးငယ်တဲ့ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး ဝက်ဘ်ဆိုဒ်တွေ အမြောက်အမြား ပါနေ ပါတယ်” ဟု Hold Security က ဆိုသည်။

ထိုတွေ့ရှိချက် များကို အရင်ဦးဆုံး ရေးသား ဖော်ပြခဲ့သည့် နယူးယောက် တိုင်းမ်စ် သတင်းစာက ဆိုခဲ့ရာ တွင်၊ သတင်းစာ၏ တောင်းခံချက် အရ Hold Security နှင့်ဆက်နွယ်ခြင်း မရှိသူ ကွန်ပျူတာ လုံခြုံရေး ကျွမ်းကျင်သူ တစ်ဦးက သတင်း အချက်အလက် အစုအဝေးအား စိစစ် လေ့လာခဲ့ပြီး သတင်း အချက် အ လက်များ တကယ် အခိုးခံရခြင်း ဖြစ်ကြောင်း အတည်ပြု ခဲ့သည်။

အချို့ ကုမ္ပဏီ ကြီးများ အနေဖြင့် ၄င်းတို့၏ မှတ်တမ်းများ အခိုးခံခဲ့ ရသည့် အထဲတွင် ပါဝင်ကြောင်း သတိပြု မိခဲ့ ကြသည်ဟု၊ သတင်း အချက်အလက် များကို လေ့လာ သုံးသပ်ခဲ့ကာ လူသိ ရှင်ကြား ထုတ်ဖော် ဆွေးနွေးခွင့် မရှိသည့် နောက်ထပ် ကွန်ပျူတာ ရာဇဝတ်မှု ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ဆိုခဲ့ကြောင်း နယူးယောက် တိုင်းမ်စ် သတင်းစာက ဖော်ပြ ထားသည်။

Hold Security အနေဖြင့် အခိုးခံရသူ များ၏ အမည် များကို ထုတ်ဖော် လိမ့်မည် မဟုတ်ကြောင်း နှင့် လျှို့ဝှက် ထားရေး သဘောတူညီ ချက်များ ကြောင့်ဟု ဆိုကြောင်း သတင်းစာ ထဲတွင် ဖော်ပြ ထားကာ၊ အားနည်းချက် ရှိနေဆဲ ဖြစ်သော ကုမ္ပဏီ ဝက်ဘ်ဆိုဒ် များ၏ အမည်ကို ထုတ်ဖော် ပြောဆို ရန်လည်း ဝန်လေး နေကြောင်း သတင်းစာက ဆိုသည်။ (Ref: BBC)

mizzima

မှတ်ချက်များ