၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီး ရိုး တောင်ပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ရသေ့တောင်ခြေမှ ကျိုက်ထီးရိုးသွား လမ်းသစ် ၌ မြေပြိုကျသဖြင့် ၎င်းအနီးရှိ တဲတွင်နေ ထိုင်သော သိန်းစိုး(၃၀)နှစ်နှင့် ဇနီးဖြစ်သူ မကြူကြူ သင်း(၂၂)နှစ် တို့(၂)ဦးမှာ မြေကြီးနှင့်အတူ ပါသွားခဲ့ သည်။
အဆိုပါနေရာသို့ ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ ကျိုက်ထီးရိုးရင်ပြင် အုပ်ချုပ်ရေးအဖွဲ့ ၀င်များနှင့် ရင်ပြင်မီးသတ်တပ်ဖွဲ့ ၀င်များက ပူးပေါင်းရှာဖွေခဲ့ရာ ၁၁၄၅ အချိန် တဲပြိုကျသည့်နေရာနှင့် (၅)ပေအနက်ခန့်အကွာတွင် ဦးခေါင်းနှင့် ၀ဲ/ယာနားထင် ချိုင့်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေသည့် မကြူကြူသင်းကို တွေ့ရှိရပြီး သိန်းစိုးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မှတ်ချက်များ