အာဖရိကမှာ အခြေအနေ ဆိုးလာတဲ့ Ebola ဗိုင်းရက်စ်

ယင်း ဗိုင်းရက်စ်ကို ၁၉၇၆ ခုနှစ် ကတည်းက မှတ် သား သိရှိမိတာ ဖြစ်ပေမယ့် လူသားတွေကို စတင် ဒုက္ခ ပေးလာတဲ့ အချိန် ကတော့ ၂၀၁၄ ခုနှစ် မတ် လကနေ ဖြစ်ပါတယ်။ Ebola virus disease (EVD) လို့ အမည်ရတဲ့ ယင်း ရောဂါပိုးဟာ ၂၀၁၄ ခုနှစ် မတ်လ ကတည်းက ယနေ့အချန်အထိ ကူးဆက် သူပေါင်း ၉၅၃ ဦး ရှိပြီ ဖြစ်ပြီး သေဆုံးသူ ကတော့ ၅၃၂ ဦး ရှိပြီ ဖြစ်ပါတယ်။ ဒီတော့ အသက်ရှင်နိုင်ချေ က ၅၀ ရာခိုင်နှုန်း အောက်မှာပဲ ရှိပါတယ်။

ကူးဆက်ပြီးသူ တစ်ထောင်ကျော်ပေမယ့် WHO က အသိအမှတ်ပြုထားတဲ့ လူနာ ကတော့ ၉၅၃ ဦး ဖြစ်ပြီး ထူးထူးခြားခြား အနေနဲ့ အမေရိကန် ဆေးလုပ်သား တစ်ဦးက ဝမ်းနည်းစွာပဲ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က အမေရိကန်ကို အထူးလုံခြုံရေးနဲ့ ပို့ဆောင်ပြီး ကုသ နေပါပြီ။

ယင်း ဗိုင်းရက်စ် ဟာ ရောဂါပိုး ကူးဆက်ခံထားရတဲ့ တရိစ္ဆာန်များ နဲ့ လင်းနို့ များမှ ကူးဆက်ခြင်း ဖြစ်ပါ တယ်။ လေထဲကနေ မကူးဆက် ပါဘူး။ Ebola ပိုး ရှိတဲ့ အကောင် များကို ထိတွေ့မိခြင်း၊ စားသုံးခြင်းတို့ ကနေ ဖြစ်ပြီးတော့ ရောဂါပိုး ရှိသူနဲ့ ချွေးခြင်းထိတွေ့ခြင်း၊ ရောဂါပိုး ရှိသော လူနာ၏ အရည် တစ်မျိုးမျိုးကို ထိတွေ့ခြင်းတို့ ကြောင့်လည်း ဖြစ်တတ်ကြောင်း ဆိုပါတယ်။

ရောဂါ လက္ခဏာ အနေနဲ့ ဝမ်းလျှောခြင်း၊ ကိုယ်အပူချိန် တက်ခြင်း၊ အေးခြင်း၊ ခေါင်းမူးဝေခြင်း တို့ အပြင် အားအင်ပါ ချိနဲ့လာမှာ ဖြစ်ပါတယ်။ အခြေအနေ ဆိုးရင် သွေးယိုစီးတဲ့အထိ ဖြစ်တတ် ပါတယ်။ အသည်း၊ ကျောက်ကပ်တို့ရဲ့ လုပ်ဆောင်ချက် ကိုလည်း နှေးကွေး သွားစေမှာ ဖြစ်ပါတယ်။ ဒီတော့ ယင်းပိုးဟာ အာဖရိကမှာပဲ ဖြစ်နေမယ် လို့ ယူဆလို့ မရ ပါဘူး။

လောလော ဆယ်တော့ ဂါနာ၊ လိုက်ဘေးရီးယား၊ Sierra Leone, နိုင်ဂျီးရီးယား နိုင်ငံ တို့မှာ ရာဂဏန်း ကိုယ်စီ ရှိပြီး အမေရိကန် နိုင်ငံနဲ့ မော်ရိုကို နိုင်ငံတို့မှာ ရောဂါပိုး သယ်ဆောင် ထားသူ တစ်ဦးစီ ရှိပါ တယ်။ ရောဂါကို ကုသလို့ ရမယ့် ဆေးလည်း ရှာဖွေမတွေ့ ရှိသေး ပါဘူး။ ဒီအတွက် အမေရိကန် နဲ့ ဥရောပ ယူနီယမ် တို့မှ ကြိုးစား ရှာဖွေ ဖော်ထုတ် နေဆဲ ဖြစ်ပါတယ်။ ဆေးမရှိတာ ကြောင့် ဖြစ်ရင် သေနိုင်ချေ များပါတယ်။

ဒါကြောင့်မို့ လောလောဆယ်မှာာ ရာဂါပိုး မကူးဆက် စေဖို့ အတွက် အစားအသောက်မှာ ဝက်သား၊ ကြက်သား တို့ အပြင် ဘယ် အသားငါး ကိုမဆို သေချာ ဆေးကြောခြင်း၊ ကိုင်တွယ်သည့် အခါလည်း လက်အိပ်၊ လေဖုံးတို့ ဝတ်ဆင်ပြီး ချက်ပြုတ်တဲ့ အခါလည်း ဟင်း အသား နူးတဲ့အထိ ချက်ပြုတ် စားသုံးသင့်ကြောင်း ဆိုပါတယ်။ မိုးရာသီမှာ လူတိုင်း ကျန်းမာရေး အထူး ဂရုစိုက်ဖို့ လိုအပ် ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ