တိုင်ဖွန်း ဟေလောင် ဂျပန်တောင်ပိုင်းသို့ ဦးတည်နေ

တစ်နာရီလျှင် ၁၉၈ ကီလိုမီတာ (၁၂၃ မိုင်) နှုန်းဖြင့် တိုက်ခိုက်နေ သည့် ဟေလောင် တိုင်ဖွန်း မုန်တိုင်း သည် ဂျပန်နိုင်ငံတောင်ပိုင်း သို့ သြဂုတ် ၇ ရက်က ဦးတည်နေပြီး မုန်တိုင်းနှင့်အတူ လေပြင်း များ တိုက် ခတ်ကာ လှိုင်းကြီးနိုင်ကြောင်း အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် အိုကီနာဝါကျွန်းစုများသို့ ဦးတည်နေကြောင်း ဂျပန်မိုးလေ၀သ အေဂျင်စီက ထုတ်ပြန် ထားသည်။

အိုကီနာဝါကျွန်းမကြီးအနီးရှိ မီနာမီဒိုင်အိတိုဂျီမာ ကျွန်း တွင် နေထိုင်သူများသည် လေပြင်းများတိုက် ခတ်လာမှုကြောင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ကို ရုပ်သံသတင်း များတွင် ဖော်ပြခဲ့သည်။

ဟေလောင်တိုင်ဖွန်းသည် ယခုသီတင်းပတ်အကုန်တွင် ဂျပန်နိုင်ငံ ကုန်းတွင်းပိုင်းသို့ ရောက်ရှိနိုင်ဖွယ် ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် တစ်လခန့်ကလည်း ဂျပန်နိုင်ငံတောင်ပိုင်းတွင် နဲအိုဂူရိ တိုင်ဖွန်းမုန်တိုင်း တိုက်ခိုက်ခဲ့မှု ကြောင့် လူအမြောက်အများ သေဆုံးကာ အဆောက်အဦများစွာ ပျက်စီးသွားခဲ့သည်။

AFP

မှတ်ချက်များ