တိုင်းနှင့်ပြည်နယ်အချို့ ရေကြီးရေလျှံ၊ ကယ်ဆယ်ရေးစခန်းများ ဖွင့်ထားရ


မြန်မာပြည်ရဲ့ အထင်ကရ မြစ်ကြီးတွေ ဖြစ်တဲ့ ဧရာဝတီ ၊ သံလွင် ၊ စစ်တောင်း မြစ်တွေမှာ စိုးရိမ်ရေ အမှတ်အထက် ကျော်လွန်နေပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး တချို့မှာ ရေကြီးမှုတွေကြောင့် ရေဘေး ကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်ထားရပါတယ်။

မိုးများပြီး မြစ်ရေကြီးမှုတွေကြောင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းနဲ့ ကရင်၊ မွန် ရခိုင် နဲ့ ရှမ်းပြည် နယ်တွေ မှာ ရေကြီးရေလျှံမှုတွေဖြစ်ပြီး ဒေသခံတွေ ရေဘေးဒုက္ခ ခံစားနေကြရတာပါ။

ပဲခူးမြစ်ရေကြီးမှုကြောင့် ပဲခူးမြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်း ၅ ခုဖွင့်ထားရသလို မွန်ပြည် နယ်အ တွင်းရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်ထားရတယ်လို့ မြန်မာနိုင်ငံ ကြက် ခြေနီအ သင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ဒေါ်ခင်စမ်းစမ်းက ပြောပါတယ်။

“၅ ရက် ၈ လကစပြီး သထုံ၊ ကျိုက်ထိုမှာ ရေကြီးနေတော့ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပါတယ်။ ကယ်ဆယ်ရေးစခန်းတွေက ငါးအင်းကြီး ဘုန်းကြီးကျောင်းမှာ တခု၊ နောက်တခုက အမက သိမ်ဆိပ်မှာ ဆိပ်ကျောင်းကြီးမှာက ကယ်ဆယ်ရေးစခန်းဖွင့်ထားတယ်။

သူတို့ အခုဖြစ်လာတာ နှစ်စဉ်ရေကြီးနေကျ ဖြစ်စဉ်မဟုတ်ဘူး။ ရုတ်တရက် ရေတက်လာတော့ သူတို့က ပစ္စည်းမယူနိုင်ပဲ ထွက်လာတော့ ကျမတို့ ကြက်ခြေနီက ပစ္စည်းတွေ ထောက်ပံ့ ပေးနိုင်ခဲ့ ပါတယ်။ ပဲခူးမြို့ပေါ်မှာ ကယ်ဆယ်ရေး စခန်း ၅ ခုဖွင့်ထား ပါတယ်။ လူပေါင်း ၁၈၀၉ ဦးပါ။”

ရခိုင်ပြည်နယ် သံတွဲမြို့မှာလည်း မနေ့မနက်ကစပြီး သံတွဲချောင်းရဲ့ တောင်ကျရေကြောင့် တမြို့ လုံးနီးပါး ရေနစ်မှုတွေဖြစ်ပေါ်နေပြီး ရေဘေးဒုက္ခသည်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းက ကူညီ ကယ်ဆယ် ရေးတွေ လုပ်ကိုင်ပေးနေပါတယ်။

ရှမ်းပြည်နယ်ကျိုင်းတုံမြို့မှာလည်း အလားတူ မိုးများပြီး တောင်ကျရေကြောင့် မြို့တွင်းအနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။

ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ်မှာတော့ မနေ့ သြဂုတ်လ ၆ ရက်နေ့က လေဆင်နှာ မောင်းတိုက် လိုက် မှုကြောင့် လူပေါင်း ၃၀ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ပဲခူးတိုင်းရွှေကျင်မြို့နုယ်မှာလည်း သြဂုတ် ၃ ရက်နေ့ က လေပြင်းတိုက်သွားတာကြာင့် အိမ်ခြေ ၇၀ နီးပါး ပျက်စီးခဲ့ပါတယ်။

သြဂုတ်လ ၅ ရက်နေ့က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုး စေတီ တောင်တက်လမ်းမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး လမ်းတွေပိတ်ထားခဲ့ရပေမယ့် ဒီကနေ့ မှာတော့ လမ်းတွေရှင်းလင်းပြီး ပြန်ပွင့်နေပြီးလို့ လမ်းရှင်းလင်းရေးဦးဆောင်လုပ်နေတဲ့ ဦးခင်တိုး က ပြောပါတယ်။

“လောလောဆယ်တော့ မိုးများတယ်။ သို့သော်ငြားလည်း ဆက်မပြိုတော့ဘူးပေါ့နော်။ ကျနော်တို့ကတော့ ၅ ရက်နေ့ ညနေပိုင်းမှာ ပိတ်သွားတယ်။ ၆ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ လမ်းဖွင့်သွားတယ်။ ဒါပေမယ့် လက်ရှိ ပြိုသွားတဲ့ဟာကို အချောသတ်နေတယ်။ ကျနော်တို့က လမ်းကြောင်းဖွင့်ရုံလောက် လိုက်ဖွင့်ပြီးတော့ ကျန်တာတွေ အခုမှ ချောသတ်နေတုန်းပါပဲ။”

မိုးလေ၀သနဲ့ ဇလဗေဒ ညွန်ကြားရေးမှူးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ သံလွင်မြစ် ရေဟာ ဘားအံမြို့ မှာ စိုးရိမ်ရေ အမှတ်အထက်ကျော်လွန်နေကြောင်း၊ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုရိမ်ရေမှတ်အ ထက် ကျော်လွန်နေသလို ပဲခူး မြစ်ရေဟာလည်း ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်ထက် ၁ စင်တီမီတာကျော် လွန်ကြောင်း ထုတ်ပြန်ထားပါတယ်။

  နော်နိုရင်း | DVB

မှတ်ချက်များ