သထုံမြို့ မြောက်ဘက် ၁၂ မိုင်အကွာ ကျိုက်ကော်၊ သိမ်ဆိပ်၊ မရမ်း ကုန်း၊ ဒေးဝန်း၊ အောက် ကွင်း၊ ဆိပ်ကျွန်း အစရှိတဲ့ ကျေးရွာပေါင်း ၁၅ ရွာ က ထောင်နဲ့ချီ တဲ့ဒေ သခံတွေ သောက်ရေ အရေးပေါ်လို အပ်နေတာ ဖြစ်ပါတယ်။
အဲဒီဒေသတကြောမှာ ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့က ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရပြီးတဲ့နောက် ရေပြန်ကျသွား ခဲ့ပေမယ့်လည်း သောက်ရေသုံးရေထဲ အမှိုက်သရိုက် အညစ်အကြေးတွေ ၀င်ရောက်ပြီး ပျက်စီးသွား လို့ ရေသန့်ဆေးတွေ အရေးပေါ်လိုအပ်နေတယ်လို့ သထုံရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးဥာဏ်ထွန်းက ဒီဗွီဘီ ကို ပြောပါတယ်။
သုံးလို့မရအောင် ညစ်ညမ်းနေတဲ့ ရေတွင်းရေကန်ပေါင်း ၁၀၀၀ ကျော်ရှိပြီး လောလောဆယ် သောက်ရေ သန့်ဘူးတွေ ၀ယ်သုံးနေရကြောင်း၊ ရေရှည်မှာတော့ ၀ယ်ယူသုံးစွဲဖို့ မဖြစ်နိုင်လို့ ရေသန့်ဆေးတွေ အများဆုံး ရရှိဖို့ လိုအပ်နေတာလို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် ရေက ရုတ်တရက်တက်လာတဲ့အခါမှာ ပစ္စည်းတွေ ယူဆောင်ဖို့ အချိန်မရလို့ အ၀တ်အစား အသုံး အဆောင်တွေ လိုအပ်နေသလို အထူးသဖြင့် ကျောင်းသူကျောင်းသားတွေရဲ့ ဖတ်စာအုပ်တွေပါ ရေထဲပါ ကုန်တဲ့အတွက် ဖတ်စာအုပ်ရော၊ ဗလာစာအုပ်တွေပါ အခက်အခဲဖြစ်နေတယ်လို့ ဦးဥာဏ်ထွန်းက ပြောပါ တယ်။
ရပ်နီးရပ်ဝေးအလှူရှင်တွေအနေနဲ့ လှူဒါန်းလိုတယ်ဆိုရင် သထုံမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဖုံးနံပါတ် ၀၉ ၇၃၂ ၁၁၅၈၁ ၊ ၀၉ ၄၂၅၃ ၄၉၀၁၂ ဒါမှမဟုတ် အဆိုပါ ကျေးရွာတွေထိ သွားရောက်ဆက် သွယ်လှူဒါန်းနိုင်တယ်လို့ ဦးဥာဏ်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
DVB

မှတ်ချက်များ