IS သူပုန်အဖွဲ့သို့ ၀င်ရောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ဗြိတိန်နိုင်ငံသား ဆီးရီးယားတွင် သေဆုံး

အင်္ဂလန်နိုင်ငံတောင်ပိုင်း ပို့စ်မောက်မြို့တွင် နေထိုင် သူ ဘင်္ဂလားဒေ့ရှ်နွှယ်ဖွား မိုဟာမက်ဟာမီဒါ ရာမန် သည် ဆီးရီးယားနိုင်ငံရှိ IS သူပုန်အဖွဲ့သို့ဝင်ရောက် ခဲ့ရာ ယခုအခါ တိုက်ခိုက်မှုများအ တွင်း သေ ဆုံး သွားကြောင်း သိရသည်။

ဆီးရီးယားတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွက် IS သူပုန်အဖွဲ့သို့ ၀င်ရောက်သွားသူ ဗြိတိန်နိုင်ငံ သား ၅၀၀ အထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် အစောပိုင်းကပင် ဆီးရီးယားသို့ ထွက် ခွာသွားခဲ့ပြီး ဒီဇင်ဘာလအတွင်းက သေဆုံးသွား ခဲ့သောရာမန်၏ သူငယ်ချင်း အသက် ၂၃ နှစ်အရွယ် အီဖက်ခါဂျာမန်က ရာမန်အား လူမှုမီဒီယာမှတစ်ဆင့် ချိတ်ဆက် ခေါ်ယူခဲ့သည်။

ဆီးရီးယားသို့ တိတ်တဆိတ်မထွက်ခွာမီ တစ်လခန့်က အသက် ၂၅ နှစ်အရွယ် ရာမန်သည် အ၀တ်အထည် လက်လီအရောင်းလုပ် ငန်းPrimark တွင် ကြီးကြပ်ရေးမှူးတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး အလုပ်ဖြုတ်ခံခဲ့ရ သည်။ ၎င်း အိမ်မှ ထွက်ခွာသွားပြီး နောက်တစ်နေ့တွင် ရာမန်က ဆီးရီးယားသို့ ရောက်နေပြီဖြစ်ကြောင်း မိသားစုထံ ဆက်သွယ်အကြောင်း ကြားခဲ့သည်။

ရာမန်၏ဖခင် အသက် ၅၂ နှစ်အရွယ် အဗ္ဗဒူဟန်နန်သည် ပို့စ်မောက်မြို့ရှိ အိန္ဒိယစားသောက်ဆိုင်တစ် ဆိုင်တွင် အလုပ်လုပ်နေ သူ တစ်ဦးဖြစ်ပြီး ဆီးရီးယားရှိ ရာမန်၏ သူငယ်ချင်းတစ်ဦးထံမှ မိမိသား သေ ဆုံးကြောင်း အကြောင်းကြားစာတစ်ခု ရခဲ့ကြောင်း ပြောကြားသည်။

ဂျီဟတ်သူပုန်များ တပ်ဖွဲ့သို့ ၀င်သွားပြီး သေဆုံးသည့် ဗြိတိန်နိုင်ငံသားအရေအတွက်သည် ၁၉ ဦးရှိ သွား ပြီဖြစ်ကြောင်း လန်ဒန်မြို့ ကင်းကော လိပ်မှ လူမျိုးစွဲပြဿနာ လေ့လာရေး နိုင်ငံတကာဌာန (ICRS) ၏ အကြမ်းဖက်ရေးရာ ကျွမ်းကျင်သူများက ပြောကြားသည်။

Mizzima


မှတ်ချက်များ