သင် ချောမောလပတဲ့မိန်းကလေးကို ရွေးချယ်ရင် သူ့ရဲ့အလှပြင်ပစ္စည်းဖိုးကို မညဉ်းငြူမိပါစေနဲ့

ဝင်ငွေကောင်းပြီး ပိုက်ဆံရှာနိုင်တဲ့မိန်းမကို သင်ရွေးချယ်ရင် သူ့အလုပ်က Stress တွေအတွက် သူရင်ဖွင့် တာကို သင်လက်ခံနိုင်ရမယ်

အိမ်ထောင်ရှင်မပီသတဲ့မိန်းမကို သင်ရွေးချယ်ရင် သူ ပိုက်ဆံအများကြီး မရှာနိုင်တာကို အပြစ်မပြောပါနဲ့

စဉ်းစားဥာဏ်ရှိပြီး ထက်တဲ့မိန်းမကို သင်ရွေးချယ်ရင် သူ့ရဲ့အကြံပေးမှုတွေ ကြိုမြင်တတ်တာတွေပြောရင် သူဆရာလုပ်တယ်လို့ မမြင်ပါနဲ့

သင့်စကားကိုပဲ နားထောင် သင်ပြောတဲ့အတိုင်းလိုက်လုပ်တဲ့ မိန်းမကို သင်ရွေးချယ်ရင် သူ့ကိုယ်သူ အမြဲနိမ့် ကျပြီး အားငယ်တတ်တဲ့စိတ်ကို အပြစ်မပြောပါနဲ့

သတ္တိကောင်းတဲ့မိန်းမကို သင်ရွေးချယ်ရင် သူခေါင်းမာတာကိုလဲ သင်လက်ခံရမယ်

သင့်ထက်အရမ်းတော်တဲ့မိန်းမကို သင်ရွေးချယ်ရင် တခါတလေ သူ့ရဲ့အထင်သေးမှုနဲ့ အကြောင်းပြချက် များစွာကို သင်လက်ခံနိုင်ရမယ်

ကမ္ဘာပေါ်ရှိ မိန်းမသားတိုင်းသည် အစစအရာရာ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး အပြစ်ပြောစရာမ ရှိအောင် ပြည့်စုံတဲ့သူဆိုတာ အိပ်မက်ထဲမှာပဲရှိတယ်

ပြည့်စုံစေချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ချစ်သူကို အချစ်စိတ်လေးနဲ့ ကြည့်ပြီး ဖြည့်တွေးပေးဖို့ပဲလိုတယ်…


myanmar ask news

မှတ်ချက်များ