အရက်ကို ကြော်တယ်ဆိုလို့ အသံကြားရင် ထူးဆန်းသလို ရှိပေမယ့် ဒါဟာ တကယ် အမှန်ပါပဲ။ ဗြိတိန်နိုင် ငံက စားဖိုမှူး လင်မယား နှစ်ဦးက ကမ္ဘာ့ ပထမဆုံး အရက်ကြော်ကို ပြုလုပ်ဖန် တီးခဲ့ ပါတယ်။
ပုံမှာ မြင်တွေ့ နေရတဲ့ အစားအစာပဲ ဖြစ်ပါတယ်။ အပြင် မှာ ဗြိတိန်ရိုးရာလုပ် မှုန့်နှစ် နဲ့ ဖုံးအုပ်ပြီး အထဲမှာ အရက်ဖော် ရည်ကို အနစ်ထဲ လောင်းထည့် ပါတယ်။ သာမန်အားဖြင့်ဆိုရင် အရက်ကို ကြော်ရင် မီးလောင် မယ် သို့မဟုတ် အငွေ့ပြန်သွားမယ် ရှိပေမယ့် သူတို့ အဆိုအရ အရက်က အထဲမှာ ကျန်ရှိခဲ့ ပါတယ်။
ဒီတော့ ယင်း မှုန့်ကို စားရင် အရက်သောက် ရသလိုပဲ မူးပါမယ်။ ဒီအတွက် အနှံ့အရသာ အမျိုးမျိုး စုံလင်အောင် စပျစ်၊ ပန်းသီး နဲ့ အခြားသော အသီး နဲ့ အနံ့၊ အရောင် အမျိုးမျိုး တို့ကို ရောထည့်လို့ ရပါ သေးတယ်။ အင်တာနက်ပေါ် ပြန့်နှံ့ပြီး နာမည်ကြီးလာတဲ့ အရက်ကြော်ငြာကို http://metro.co.uk/2014/07/30/deep-fried-alcohol-goes-on-sale-in-the-uk-and-its-a-massive-hit-4815384/ ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင် ပါတယ်။
အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ