ကြက်ကို ထင်းချောင်းဖြင့် ခြောက်လှန့်ပစ်ခတ်ရာမှ မိခင်ဖြစ်သူကို ထိမှန်၍ သေဆုံး

နေအိမ် မီးဖိုချောင် အပေါက်ဝရှိ ကြက်များကို ထင်းချောင်းဖြင့် ခြောက်လှန့် ပစ်ခတ်ရာမှ မီး ဖိုချောင်မှ ထွက် လာသည့် မိခင်ဖြစ်သူကို ထိမှန် ခဲ့သဖြင့် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၂၉ ရက်၊ ညနေ ၅ နာရီခွဲ ဝန်းကျင်က ဂန့်ဂေါမြို့နယ်အ တွင်း ဖြစ်ပွားခဲ့သည်ဟု မကွေးတိုင်း ရဲတပ်ဖွဲ့မှူး ရုံးက သတင်း ထုတ်ပြန်ထား သည်။

ဖြစ်ပွားပုံမှာ ဂန့်ဂေါမြို့နယ်အတွင်း နေထိုင် သည့် မောင်မျိုးမြတ်အောင် (၂၃)နှစ်သည် နေအိမ်တွင် မိခင်ဖြစ် သူနှင့် ထမင်းစားနေစဉ် မိခင်ဖြစ် သူ ဒေါ်သန်းအေး(၆၅)နှစ်မှာ မီးဖိုချောင်အတွင်းသို့ ဟင်းခပ်ရန် ဝင်သွားချိန် မီးဖိုခန်းအဝရှိ ကြက်များကို ထင်းချောင်းဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့သည်။

ယင်းသို့ ကြက်များကို ထင်းချောင်းဖြင့် ခြောက်လှန့်ပစ်ခတ်လိုက်ချိန် မီးဖိုချောင်အတွင်းမှာ ဟင်းခတ်ပြီး ထွက် လာသည့် မိခင်ဖြစ်သူ၏ လည်ပင်းအလယ်ကို ထင်းချောင်းဖြင့် ထိမှန်၍ သေဆုံးသွားခဲ့ခြင်း ဖြစ် သည်ဟု ရဲ မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ထင်းချောင်းဖြင့် ပစ်ခတ်ခဲ့သူ မောင်မျိုးမြင့်အောင်ကို ကန်နယ်မြို့မရဲစခန်း က (ပ)၅၁ /၂ဝ၁၄၊ ပြစ်မှုပုဒ်မ၃ဝ၄-က ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။

Mizzima

မှတ်ချက်များ