စဥ့်ကူး ညောင်ဝန်းရွာမှာ ရဲတပ်ဖွဲ့ ပစ်ခတ်မှုကိစ္စ ဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းပုံ
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ် ၊ ညောင် ဝန်းကျေးရွာက သိမ်းဆည်းထားတဲ့ လယ်ယာမြေ
တွေမှာ ၀င်ရောက်ထွန်ယက်တဲ့တောင် သူတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ခဲ့တာကို ဒီကနေ့
ကျေးရွာသားတွေ နဲ့ ရဲတပ်ဖွဲ့ ၀င်တွေ ညောင်ဝန်း
ကျေးရွာမှာ ဖြေရှင်းခဲ့ရာမှာ ပြေလည်မှုရရှိခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး ရဲမှူးနဲ့ ညှိနှိုင်းရာမှာ ပါဝင်ခဲ့ တဲ့ ညောင်ဝန်းရွာသား ကိုအောင်အောင်က အခု လို ပြောပါတယ်။

“ဘာအကြောင်းနဲ့ ဝင်စီးတာလဲ၊ ဒီရွာသူ၊ ရွာသား ကို အကြောင်းမဲ့ ဘာကြောင့်ပစ်ရတာလဲဆိုတာကို သိချင် လို့ လာတိုင်ကြားတဲ့အနေနဲ့ သူ့ဒဏ်ရာရ တာကို ဘယ်လိုမျိုး စောင့်ရှောက်ပေးမလဲ၊ အိနြေ္ဒပျက်စီးသွားတာ ကို ဘယ်လိုဆုံးဖြတ်ပေးမလဲ ဆိုတာကို လာတိုင်ကြားရတာပါ၊ သူတို့က အကုန်လုံးကိုတော့ ပြေ လည်အောင်ဖြေရှင်းပေးမယ်၊ ဒါပေမဲ့ ဟိုဘက်ကလည်း တိုင်တယ်လေ၊ တိုင်သည့်အတွက်ကို အဲ့ဒါကို ပြေ လည်ဖြေရှင်းပေးမှ အကုန်လုံး ညှိပေးမယ်လို့တော့ပြောတယ်”

စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ လယ်ယာမြေတွေမှာ ၀င်ရောက် ထွန်ယက်ခဲ့တဲ့ တောင်သူ ၁၅ဦးကို မြို့နယ်ရဲတပ်ဖွဲ့က ၀ရမ်းထုတ်ခဲ့ပြီး အဲဒီလယ်ယာမြေတွေမှာ စခန်းဖွင့် ထွန်ယက်နေတဲ့ တောင်သူတွေကို ရဲတပ်ဖွဲ့ဝင်တွေက မနေ့က သေနတ်ပစ်ဖောက်ပြီး ၀င်ရောက်ဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို သေနတ်ပစ်ဖောက်ဝင်ရောက်ဖမ်းဆီးတဲ့အတွက် ရွာသား ၄ ဦး ထိခိုက်ဒဏ်ရရှိခဲ့ပြီး ညောင်ဝန်းကျေး ရွာသူ အမျိုးသမီးတစ်ဦး ခြေထောက်မှာဒဏ်ရာရခဲ့တဲ့အတွက် မန္တလေးမြို့ ပြည်သူ့ဆေးရုံမှာ တင်ထားရ ပါတယ်။

မန္တလေးတိုင်းဒေသကြီး ရဲမှူးက မနေ့က ပဋိပက္ခမှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်ပံလှရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၁၉၇၂ ခုနှစ်က မန္တလေးနန်းတွင်း ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေး တပ် ၁၂၁ က စဥ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာက လယ်မြေဧက ၃၀၀၀ ကျော်ကို သိမ်းဆည်းခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ ဂရိတ်ဝေါ ကုမ္ပဏီကို လုပ်ပိုင်ခွင့်လွှဲပြောင်းပေးခဲ့ရာမှာ ဒီနှစ်မှာ ဒေသခံတောင်သူတွေက အဲဒီမြေတွေပေါ် ၀င်ရောက်စိုက်ပျိုးခဲ့လို့ နှစ်ဖက်ပဋိပက္ခဖြစ်ခဲ့တာပါ။

RFA

မှတ်ချက်များ