ကျောင်းအပြန် ကားမှောက်သေဆုံးခဲ့သည့် ပဲခူး တိုင်းပြည်ခရိုင် ပြည်မြို့ မြောက်နဝင်း အထက် တန်းကျောင်းမှ ဆရာမနှစ်ဦးနာရေးအတွက် ပြည် မြို့ပေါ်ရှိ ပညာရေးဝန်ထမ်းများစုပေါင်းကာ ငွေကျပ် (၁၈)သိန်းကူညီထောက်ပံ့သွားမည်ဟု လက်ထောက် မြို့နယ်ပညာရေးမှူး ဦးနိုင်အောင် ထွန်းက မဇ္ဈိမကို ပြောသည်။
“ဝန်ကြီးဌာနကလည်း ထောက်ပံ့ပါလိမ့်မယ်။ ကျွန်တော်တို့ တစ်မြို့လုံးမှာရှိတဲ့ ပညာရေးဝန်ထမ်းတွေကို တစ်ဦးကို တစ်ထောင်နှုန်းနဲ့ နာရေးကူညီဖို့ အကူအညီ တောင်းထားတယ်။ ၁၈သိန်း ဝန်းကျင် ရနိုင်တယ်” ဟု ပြည်မြို့နယ် လက်ထောက် ပညာရေးမှူး ဦးနိုင်အောင်ထွန်းက ပြောသည်။
မြောက်နဝင်းအထက်တန်းကျောင်းမှ ဆရာမ(၈)ဦးသည် သြဂုတ်လ၁၄ရက်က ကျောင်းမှ အပြန် ပြည်
အောင်လံကားလမ်းတွင် ကားမှောက်ခဲ့ပြီး နှစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိခဲ့သူ ဆရာမ (၂)ဦးမှာ စိုးရိမ်ရသည့် အခြေအနေကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသရပြီး ကျန်ဆရာမ (၄)ဦးမှာ ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါး ကုသနေရသည်။
မြောက်နဝင်းအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၇၇၄)ဦးကို ဆရာဆရာမ (၃၆)ဦးဖြင့် ပညာသင်ကြားပေးလျှက်ရှိပြီး လျော့သွားသော ဆရာမ(၈)ဦးနေရာတွင် ကျန် ဆရာ/ဆရာမများဖြင့် ဖြည့် စွက်ပညာသင်ကြားပေးလျှက်ရှိကြောင်း လက်ထောက်မြို့နယ် ပညာရေးမှူး ဦးနိုင်အောင်ထွန်းက ပြော သည်။
ရေခဲ(ပြည်) | mizzima
ပင်မ
/
ကျောင်းအပြန် ကားမှောက်သေဆုံးခဲ့သည့် ဆရာမနှစ်ဦး နာရေးအတွက် ပညာရေးဝန်ထမ်းများ ၁၈ သိန်း ထောက်ပံ့မည်

မှတ်ချက်များ