လင် ကို ကြိုးနဲ့တုတ်ပြီး မယားကို အဓမ္မ ပြုကျင့်

ပြီးခဲ့တဲ့ ဇူလိုင် နောက်ဆုံးပတ်အတွင်း တညနေ မှာ ဒေသခံလူငယ် နှစ်ဦးက မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၊ Chawl hmun ရပ်ကွက်မြို့ပြင်နေ အသက် ၃၇ အရွယ် အိမ်ထောင်ရှင် ချင်းအမျိုးသမီး Pi Kap Hlei Zing အား ၄င်း၏ ယော င်္ကျား (၆၄)နှစ် ရှေ့မှောက်မှာ အဓမ္မ ပြုကျင့်ခဲ့ကြောင်း သိရပါတယ်။

အဘ C. Laltanpuia ရဲ့သား Zarzoliana(20) နဲ့ အဘ PC Vanlalruata ရဲ့သား PC Lalhruaitluanga (19)တို့ ဟာ မြို့ပြင်မှာ ခြံစောင့်နေတဲ့ လင်မယား နေ အိမ်တွင်း ၀င်ရောက်ပြီး Pi Kaphleizing ယောင်္ကျားကို ရိုက်နှက်တဲ့အပြင် ကြိုးနဲ့တုတ်ပြီး Pi Kaphleizing ကို ရိုက်နှက်ပြီး နှစ်ဦးစလုံးက အဓမ္မပြုကျင့်ခဲ့တာလို့ ချင်းအမျိုးသမီး အဖွဲ့ချုပ် ဥက္ကဌ Pi Sangpui က ပြောပြပါတယ်။

“ကျမတို့ သတင်းရရချင်း ချက်ချင်းလိုက်သွားတယ်၊ မြို့ပြင် ခြံထဲမှာ ဆိုတော့ အခင်းဖြစ်တာကို ချက်ချင်းသိလို့ ရမှာ မဟုတ်ဘူး၊ လင်မယား နှစ်ဦးစလုံး မျက်နှာ၊ နှုတ် ခမ်းတွေ ယောင်ကိုင်းနေတယ်၊ သူတို့အနေအထားက ဘယ်လိုမှ မ လုံခြုံဘူး” လို့Pi Sangpui က ပြောပြတာပါ။

အမှုကျုးနလွန်သူ နှစ်ဦးကို သက်ဆိုင်ရာ နယ်မြေခံရဲတွေက ချက်ချင်းဖမ်းဆီးပြီး အမှုဖွင့်ထားပါတယ်။ အမှုကျုးလွန် နေစဉ် အရက်ဖြူနဲ့ alprazolum ခေါ် မူး ယစ်ဆေးပြား ကို သောက်ထားကြတယ်လို့ သိရပါတယ်။

” ဒီ လူဆိုး နှစ်ဦးဟာ အိမ်ရှင်မ Pi Kaphleizing ဆီက ရူပီးငွေ ၆၄၀ ကိုလဲ အတင်းလုယူထားပါတယ်” ဟု ချင်းအမျိုး သမီးအဖွဲ့ချုပ် ဥက္ကဌ Pi Sangpui က ထပ်ပြော ပါတယ်။ အမှု ကျုးလွန်ခဲ့ကြတဲ့ Zarzoliana နဲ့  PC Lalhruaitluanga တို့အား ရဲက တရားစွဲထားပြီး ယခုလ အတွင်း ပြန်လည် ရုံးထုတ် စီရင်ချက်ချဘွယ်ရှိ ပါတယ်။

Pi Kaphleizing တို့လင်မယားဟာ မြို့ပြင်ရှိ ခြံတခုမှာ ခြံစောင့်အဖြစ် သုံးနှစ်ခန့် အခမဲ့နေထိုင်ကြပြီး ခြံထဲ မှာ အသီးအနှံတွေကို စိုက်ပျိုးကာ အသက်မွေး ၀မ်းကျောင်းပြုကြပေမဲ့ လက်ရှိမှာ ၄င်းတို့ လုံခြုံမှုအတွက် အိုင်ဇောလ်မြို့ ပေါ်ရှိ အသိ ဆွေမျိုးထံမှာ ယာယီနေထိုင်ခဲ့ကြပါတယ်။

မီဇိုရမ်ပြည်နယ်ရှိ ချင်းအမျိုးသမီးများဟာ အိမ်ဖော်အလုပ်၊ နေ့စားအလုပ်၊ ယက္ကန်းအလုပ်များကို အဓိက လုပ်ကိုင်ကြ ရာမှာ ဘ၀ လြုံခုံမှု ကင်းမဲ့နေတယ်လို့ အမျိုးသ မီး ဥက္ကဌက ထပ်လောင်းဆိုပါတယ်။

Khonumthung News Group

မှတ်ချက်များ