ယာဉ်နှင့်တိုက်မိသကဲ့သို့ဖြစ်ခဲ့၍ ဆဲဆိုခဲ့သူကို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့မှ ၀ိုင်းဝန်းရိုက်နှက်သဖြင့် သေဆုံး


၁၁.၈.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ မစုစုလှိုင် သည် ၎င်း၏ခင်ပွန်းဖြစ်သူ ကိုခင်မြင့်မှာ ခိုက်ရန်ဖြစ်ပွားပြီး အေးရိပ်ငြိမ်လမ်းထိပ်တွင် လဲကျနေကြောင်း ကြားသိရ၌ သွားရောက် ကြည့်ရှုရာ ခင်ပွန်းဖြစ်သူတွင် ယာချိုစောင်းပေါက်ပြဲ၊ ၀ဲလက်မောင်းနှင့် ရင်ဘတ်တို့၌ ဖူးရောင်ဒဏ်ရာ များရရှိကာ လဲကျနေသည်ကိုတွေ့ရှိရသဖြင့် လှိုင်သာယာဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွား ခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မစုစုလှိုင်မှခင်ပွန်းဖြစ်သူနှင့်အလုပ်မှအတူပြန်လာသည့် မောင်ဖြစ်သူအား မေးမြန်းရာ ခင်ပွန်းဖြစ်သူနှင့် မောင်ဖြစ်သူတို့(၂)ဦးသည် လမ်းလျှောက်၍ နေအိမ်သို့ပြန်လာစဉ် အေးရိပ်ငြိမ်လမ်းနှင့် သာယာအေးလမ်းထိပ်အနီးအရောက် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ဘီအမ်ကားနှင့် တိုက်မိသ ကဲ့သို့ ဖြစ်ခဲ့သဖြင့် ၎င်းတို့(၂)ဦးမှဆဲဆိုခဲ့ရာ ယာဉ်မောင်းဖြစ်သူ သက်ဇော်ဦး၊ ယာဉ်နောက်လိုက် ထင်ကျော် (ခ)ထင်ကျော်ဦးနှင့် ကုလား(ခ) စိုင်းထွန်းအောင်လင်းတို့မှ ယာဉ်ပေါ်မှ ဆင်းလာပြီး တုတ်များဖြင့်ဝိုင်းဝန်း ရိုက်နှက်ကာ လက်သီးဖြင့်ထိုးခဲ့၍ ဒဏ်ရာများရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့ ခင်ပွန်းဖြစ်သူအား ဒဏ်ရာရရှိသေဆုံးအောင်ပြုလုပ်သူများအား အရေးယူပေးရန် တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၁၁၂၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ပါသည်။

လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး အတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်သော လှိုင်သာယာမြို့နယ်နေ သက်ဇော်ဦး၊ (၂၀)နှစ်၊ (ဘ)ဦးရွှေလုံး၊ ထင်ကျော်(ခ) ထင်ကျော်ဦး၊ (၂၂)နှစ်၊ (ဘ)ဦးသန့်ဇင်နှင့် ကုလား(ခ) စိုင်းထွန်းအောင်လင်း၊ (၁၇)နှစ်၊ (ဘ)ဦးသိန်းဌေးတို့(၃)ဦးအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဆောင်ရွက် ခဲ့ရာမှ လှိုင်သာယာမြို့ နယ်နေ ကျော်ကြီး(ခ)ကျော်သက်အောင်၊ (၂၀)နှစ်၊ (ဘ)ဦးမြင့်မှာလည်း ပြစ်မှုကျူးလွန်ရာတွင်အတူပါ ၀င်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ (၄)ဦးအား အမှုဖြင့် ဆက်လက်စစ်ဆေး အရေး ယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်များ