![]() |
| လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်လာမှာကို ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင်ငံတွေကစိုးရိမ်မကင်းဖြစ်နေကြ (Credit: AFP) |
ဆူနီ မွတ်စလင်တွေရဲ့ ရန်ကနေ တောတောင်တွေမှာ ထွက်ပြေး ပုန်းရှောင်နေရတဲ့ အီရတ်က ရာဇီဒီ လူမျိုးတွေကိုသာ လူသားခြင်း စာနာထောက်ထားတဲ့ အထောက် အပံ့တွေ ပေးသွားမှာ ဖြစ်တယ်လို့ ယူကေ ကာကွယ်ရေး ဌာနနဲ့ နိုင်ငံခြားရေး ဌာနက တာဝန် ရှိသူတွေနဲ့ လန်ဒန်မြို့မှာ စကားပြောဆို ပြီးနောက်ပိုင်း ၀န်ကြီးချုပ် တိုနီ အာဘော့တ်က ပြောလိုက်တာ ဖြစ်ပါတယ်။
သြစတြေးလျ နိုင်ငံ အနေနဲ့ အမေရိကန်နဲ့ ဗြိတိန် တို့လိုပဲ အီရတ်နိုင်ငံ မြောက်ပိုင်း တောထဲမှာ ထွက်ပြေးနေကြတဲ့ လူတွေကို အစားအစာနဲ့ သောက်ရေတွေကို လိုက်လံ ပစ်ချပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ တောထဲမှာ ထွက်ပြေးနေကြတဲ့ ရာဇီဒီ လူမျိုးတွေကို လိုက်လံ ကယ်ထုတ်ပြီး အစာရေ စာတွေကိုလည်း ပစ်ချပေးနေတဲ့ ရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့တဲ့အတွက် လေယာဉ်မှူးတစ်ဦး သေဆုံး ခဲ့ရပါတယ်။
ရဟတ်ယာဉ်ပေါ်မှာ သတင်းထောက်လေးဦး၊ အမှုထမ်းလေးဦးနဲ့ တောထဲမှာ ကယ်တင်နိုင်ခဲ့တဲ့ ရာဇီဒီလူ မျိုး ၂၀ ကျော်လည်း ပါဝင်ပြီး သူတို့တွေလည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ဟာ ဆူနီ စစ်သွေးကြွတွေရဲ့ လက်ချက် ဟုတ်မဟုတ် ဆိုတာကတော့ အကြောင်းပြချက် တစုံတရာ မတွေ့ရဘူးလို့ ဆိုပါတယ်။
ဆူနီ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုရန်ကနေ ထွက်ပြေးကြတဲ့ လူပေါင်း နှစ်သောင်းနဲ့ သုံးသောင်း လောက် ဟာ တောတောင်ထဲမှာ ကျန်နေသေးတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်လာမှာကို ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင် ငံတွေကစိုးရိမ်မကင်းဖြစ်နေကြပါတယ်။
ABC Radio Australia

မှတ်ချက်များ