ကချင်မှာတိုက်ပွဲတွေ လျှော့ချနိုင်ဖို့ KIO နဲ့ အစိုးရ ကိုယ်စားလှယ် ဆွေးနွေးခဲ့
ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ လျှော့ချနိုင်ရေး အတွက် အစိုးရနဲ့ ကချင်KIO အဖွဲ့က နှစ်ဘက် ကိုယ် စားလှယ်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့ဟာ မနေ့တုန်းက မြစ်ကြီးနားမြို့မှာရှိတဲ့ KIO နည်းပညာ အကြံပေး အဖွဲ့ရုံးမှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။
အခု ရက်ပိုင်း အတွင်း ဖြစ်ပွား ခဲ့တဲ့တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေး ခဲ့ကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက် ခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးတော် ဆောင် ဦးခွန်ဂျာက အခုလိုပြောပါတယ်။
စစ်မြေပြင် မှာတွေ ပေါ့ ဖြစ်ခဲ့ တဲ့ ပြဿနာ လေးတွေ ကို နှစ်ဦး နှစ်ဘက် ညှိနှိုင်း ဖြေရှင်း တဲ့ဆွေးနွေး ပွဲပဲ ဖြစ်တယ် ခင်ဗျ၊ မနေ့ တနေ့ ကပဲ ဖားကန့် မြို့နယ် နန့်ယား ကျောက်ဖျာရဲ့ အနောက် မှာရှိတဲ့ စဘော်မှော် ထဲမှာ တိုက်ပွဲလေး နည်းနည်း ထိပ်တိုက် တိုက်ခိုက် မှုဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက် ပြီးတော့ နှစ်ဦး နှစ်ဘက် ဆွေးနွေးတယ်ဗျ။
စဘော်မှော်ရဲ့ အနောက်ဘက်မှာ KIO အခြေစိုက်တဲ့ စခန်းတွေ၊ ရုံးစိုက်တဲ့ နေရာတွေ ရှိနေပြီး အဲဒီနေရာနဲ့ သုံးလေးမိုင် ၀န်းကျင်မှာ အစိုးရ တပ်တွေက နယ်မြေ လုံခြုံရေးအရ ရှင်းလင်းတဲ့နေရာမှာ ထိပ်တိုက်တွေ့ပြီး ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လျှော့ချရေးကို အဓိကထား ဆွေးနွေး ခဲ့တာ ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာမ ရှိဘူးလို့ ပြောပါတယ်။
ဒ့ါအပြင်ဖားကန့်ဒေသအတွင်းကကျောက်စိမ်းမှော်တွေကို စက်တင်ဘာ ၈ရက်နေ့မှာ ပြန်ပြီးဖွင့်လှစ် ဖို့ကိစ္စတွေ၊ ပျက်စီးနေတဲ့လမ်းတွေပြုပြင်ရေးလုပ်တဲ့နေရာမှာ တပ်တွေ လုံခြုံရေး အရသွား လာလုပ်တဲ့ အခါ ထိပ်တိုက် တိုက်ခိုက်မှု တွေဖြစ်လာနိုင်တဲ့အတွက် ဒါတွေကို ကြိုတင်ပြီး ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ တယ်လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားပါတယ်။
ABC Radio Australia

မှတ်ချက်များ