အချင်း မီတာ ၁၀၀၀ ခန့်ရှိပြီး 1950 DA ဟု အမည်ပေးထားသည့် အဆိုပါ ဂြိုဟ်သိမ်သည် ၂နာရီ၆ မိနစ်တွင် တစ်ပတ်လည်လျက်ရှိပြီး ကမ္ဘာဂြိုလ်အား ၂၈၈၀ ပြည့်နှစ် မတ် ၁၆ ရက်တွင် ၀င်တိုက်ခဲ့ပါက တီအင်န်တီ ယမ်း ၄၄၈၀၀ မဂ္ဂါတန် ပေါက်ကွဲသည့် ပြင်းအားနှင့် ညီ မျှနိုင်ကြောင်း အမေရိကန်နိုင်ငံ University of Tennessee (UT) မှ ပညာရှင်များက ခန့်မှန်းထားသည်။
ဝင်တိုက်နိုင်ဖွယ်ရှိသည့် အခြေအနေမှာ ၀ ဒသမ ၃ ရာခိုင်နှုန်းရှိသော်လည်း အခြား ဂြိုဟ်သိမ်များက ၀င်တိုက်နိုင်ဖွယ်ရှိသည်ထက် ၅၀ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း သိရသည်။
သာမန်အားဖြင့် ဂြိုဟ်သိမ်များသည် အာကာသအတွင်း လည်ပတ်ရာမှ ကမ္ဘာမြေဆွဲအား သက်ရောက် မှုကြောင့် ကွဲထွက်သွား ပြီး သေးငယ်သည့် အစိတ်အပိုင်းများသာ ကမ္ဘာသို့ ကျရောက် လေ့ရှိသော် လည်း 1959 DA ဂြိုဟ်သိမ်သည် လည်ပတ်နှုန်း လျင်မြန်နေသောကြောင့် ဆွဲအား၏ သက်ရောက်မှု နည်းနေကြောင်း သိရသည်။
ကမ္ဘာသို့ ကျရောက်လာပါက တစ်နာရီလျင် ၃၈၀၀၀ မိုင် ဖြင့် အတ္တလန္တိတ်သမုဒ္ဒရာအတွင်းသို့ ပြုတ်ကျဖွယ် ရှိကြောင်း သိရသည်။ ယခု 1950 DA ဂြိုဟ်သိမ်နှင့် အရွယ်အစားတူ၊ အရွယ်အစားပိုကြီး သော ဂြိုဟ်သိမ် များသည်လည် ကမ္ဘာပေါ်သို့ ရှေးပဝေသဏီကာလများက ကျရောက် ခဲ့ဖူးရာ လွန်ခဲ့သော နှစ်ပေါင်း ၆၅ သန်းက K/T ဂြိုဟ်သိမ် လာရောက်ထိမှန်မှုကြောင့် ဒိုင်နိုဆောသတ္တ၀ါများ သေဆုံးခဲ့ရသည်။
အမေရိကန် နာဆာ အာကာသအေဂျင်စီက ယခုအခါ ကမ္ဘာမြေကို အန္တရာယ်ပြုနိုင်မည့် ဂြိုဟ်သိမ် ပေါင်း ၁၄၀၀ ခန့်ကို ခြေရာခံလေ့လာ လျက်ရှိသည်။
mizzima
မှတ်ချက်များ