ယမကာတွေပါဝင်တဲ့ ကမ္ဘာ့ရှေးအကျဆုံးပုလင်းတစ်လုံးကို ရှာဖွေတွေ့ရှိ
ယမကာတွေပါဝင်တဲ့ ကမ္ဘာ့ရှေးအကျဆုံးပုလင်းတစ်လုံးကို ဘောလ်တစ် ပင်လယ်အောက်ခြေက ပြန် လည်ဆယ်ယူလာတဲ့ သဘောင်္ပျက်ကြီးထဲမှာ ရှာဖွေတွေ့ရှိခဲ့ပြီး သိပ္ပံ ပညာရှင်တွေရဲ့ အဆိုအရတော့ ပုလင်းကြီးထဲက အရက်တွေက ယခုအချိန်ထိ ဘေးကင်းစွာ သောက်သုံးနိုင်သေးတယ်လို့ သိရပါတယ်။
ဇွန်လက ပေါလစ်ကမ်းခြေ အနီးမှာရှိတဲ့ Gdan’sk ပင်လယ်အော် အတွင်းက F-53-31 သဘောင်္ပျက်ကြီးကို ဆယ်ယူစဉ်မှာပဲ သုတေသနပညာရှင်တွေ ဟာ သက်တမ်း အနှစ်၂၀၀ လောက်ရှိနေပြီဖြစ်တဲ့ ယင်းယမကာ စဥ့်ထည်ပုလင်းကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
စစ်ဆေးမှုတွေ ပြုလုပ်ပြီးချိန်မှာတော့ အကောင်းဆုံးတွင်းထွက်ရေတစ်မျိုးဖြစ်တဲ့ မူလ “ဆယ်လ်တာ” ရေ များပါဝင်နေပြီး အသေးစိတ်ထိ ထပ်မံ ခွဲခြားစိတ်ဖြာကြည့်လိုက်တဲ့အခါမှာတော့ ဗော့ဒ်ကာ (သို့မဟုတ်) ဂျင် အမျိုးအစား ယမကာတွေကို ၁၄ ရာခိုင်နှုန်းလောက်ထိ ရောနှောပါဝင်နေတာတွေ့ရပါတယ်။
“ဆယ်လ်တာ” အမျိုးအစားတွင်း ထွက်ရေဟာလွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ခန့်က ဂျာမနီ နိုင်ငံမှာရှိတဲ့ တော နတ်စ်တောင်တန်းဒေသ မှာပထမဆုံး တွေ့ရှိခဲ့တဲ့ အရည်အသွေးမြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်တဲ့ ရေ တစ်မျိုးဖြစ်ပြီး ခွန်အားနဲ့ကျန်းမာရေးအတွက် သင့်တော်ပါတယ်။
Trend Myanmar

မှတ်ချက်များ