ပျော်ပျော်ရွှင်ရွှင် ရယ်မောသင့်တဲ့ အချက် (၅) ချက်


ရယ်မောခြင်းဟာ အကောင်းဆုံးဆေးဝါးတစ်မျိုး လို့ ပြောလို့ရပါတယ်။ ရယ်မောစရာကောင်းတဲ့ စာလေး တစ်စောင်ကို သင်လက်ခံရရှိတဲ့အခါ (သို့) သင့်ကို အသားကုန်ရယ်မောရတဲ့ စာအရေးအသား မျိုးကို ဖတ် လိုက်ရတဲ့အချိန်မှာ သင့်ရဲ့ စိုးရိမ်ပူပန်မှု (သို့) နေထိုင်မကောင်းမှုတွေကို ခဏမေ့သွားတယ် မဟုတ် လား။ ဒါ ရယ်မောခြင်းက သင့်အတွက် လုပ်ဆောင်ပေးတဲ့ အချက်တွေပေါ့။

နောက်အများကြီးရှိပါသေးတယ်။ သင့်အတွက် အဓိပ္ပါယ်မရှိတဲ့ အကြောင်းအရာလို့ ထင်ကောင်းထင်မိပါ လိမ့်မယ်။ ဒါပေမဲ့ ဒါက အရေးကြီးတယ်။

(၁) ရယ်မောခြင်းသည် အာရုံစူးစိုက်မှုဖြစ်စေပါတယ်။

အတိတ်ကဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ပြောင်းစဉ်းစားကြည့်ဖို့ လိုအပ်ချက်တစ်ခုနဲ့ အရာရာ ကို ပြန်လည် ရှုမြင်သုံးသပ်ဖို့ အကြောင်းတစ်ခု ဖြစ်ချင်ဖြစ်နေမှာပါ။ စိတ်ဖိစီးမှုရှိနေတဲ့အချိန်တွေမှာ နား လည်ပေးတတ်တဲ့စိတ်ကို ရရှိစေနိုင်တဲ့အတွက် ရယ်မောပျော်ရွှင်တတ်အောင်နေထိုင်ခြင်းက အရေးကြီး ပါတယ်။ တကယ်တော့ ရယ်ရွှင်စရာ ဟာသတွေက ဘဝမှာ အတွေးအမြင်သစ် တစ်ခုခုကိုလည်းပေးနိုင်ပါ တယ်။ စိတ်ဆိုးရမယ့် အခြေအနေကြုံလာရတိုင်း ရယ်မောပေးနိုင်မယ်ဆိုရင် သင့်တစ်နေ့တာဟာ ပျော်ရွှင်မှု အဖြစ်သို့ ပြောင်းလဲသွားပါလိမ့်မယ်။

(၂) ရယ်မောခြင်းမှာ လှုမှုရေး အကျိုးသက်ရောက်မှုရှိနေပါတယ်။

ရယ်မောခြင်းက လူတွေကို အတူတကွ စုရုံးစေပြီး တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်မှုရစေတယ်။ တခြားဘာနဲ့မှ ကြိုးစားလုပ်ဆောင်လို့မရတဲ့ လူတွေနဲ့ ဆက်နွယ်မှု တိုးပွားစေတယ်။ တစ်ယောက်ယောက်နဲ့ အတူ ရယ်မောနေတဲ့အချိန်မှာ ဘယ်လိုခံစားရလဲ စဉ်းစားကြည့်ပါ။ ရင်းနှီးမှုရှိတယ်၊ နေရထိုင်ရတာ အဆင်ပြေမှုရှိတယ်လို့ ခံစားရတယ်။ မသိတဲ့ သူတစ်ယောက်နဲ့ဆိုရင်တောင် ချစ်ခင်ရင်းနှီးမှု တစ်ခုကိုတော့ အမှန်တကယ် ခံစားရတယ်။ ဒါ့ကြောင့် ရယ်မောပျော်ရွှင်ခြင်းဟာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ ကောင်း မွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၃) ရယ်မောခြင်းသည် သင့်ခုခံအားစနစ်ကို မြင့်တင်ပေးပါတယ်။

Alternative Therapies in Health and Medicine က လေ့လာချက်အရ ရယ်မောခြင်းက စိတ်ဖိစီးမှုလျော့ ချခြင်းနဲ့ ခန္တာကိုယ်အတွင်း ကင်ဆာ သတ်ပေးတဲ့ ဆဲလ်အရေအတွက် တိုးပွားစေခြင်းဖြင့် ခုခံစနစ် ကို ပြောင်းလဲမြင့်တင်ပေးပါတယ်။

(၄) နှလုံးကို ကာကွယ်စောင့်ရှောက်ပေးပါတယ်။

ယုံချင်ယုံ မယုံချင်နေ - အထူးသဖြင့် အူလှိုက်သဲလှိုက် ရယ်မောခြင်းဟာ ဆေးစွမ်းကောင်းတစ်မျိုးဖြစ်ပါ တယ်။ ရယ်မောခြင်းဟာ သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေတာကြောင့် သွေးတိုးခြင်းနဲ့ နှလုံးကို ကာကွယ်စောင့်ရှောက်ပေးပါတယ်။

(၅) စိတ်ဖိစီးမှုကို လျော့ချပေးပါတယ်။

နံရိုးချောင်းတွေ နာနေလောက်အောင်၊ ကြမ်းပင်ပေါ်လူးလိမ့်ရလောက်အောင် ရယ်မောခဲ့တဲ့ဖူးတဲ့ အချိန် နဲ့ နောက်ပိုင်း စိတ်ခံစားချက်တွေ ဘယ်လိုရှိခဲ့သလဲဆိုတာ ပြန်တွေးကြည့်ပါ။ ပိုပြီးပျော်သွားသလား၊ ပိုပြီး ငြိမ်ကျသွားသလား။ ဝမ်းခေါင်းထိအောင်ရယ်မောခြင်းဟာ စိတ်ဖိစီးမှုကို ပျောက်ကင်းစေတဲ့ အဓိက အချက်တစ်ခုဖြစ်ပြီး စိတ်ခံစားမှုပျော်ရွှင်မှုရအောင် လုပ်ဆောင်ပေးတဲ့ Chemicals ဓာတ်လှုံ့ဆော်ပေး မှုကြောင့်ဖြစ်ပါတယ်။ သင်ပျော်ရွှင်မှု ရရှိခံစားလေလေ၊ စိတ်ဖိစီးမှုနဲ့ ကင်းလွတ်လေလေပါ။

Trend Myanmar

မှတ်ချက်များ