Google ရဲ့ လကမ္ဘာပေါ်ကို သွားရောက်မယ့်ပြိုင်ပွဲမှာ အခြေအနေကောင်းနေပြီဖြစ်တဲ့ Astrobotic
လကမ္ဘာပေါ်ကို သွားရောက်ဖို့အတွက် Google ရဲ့ ဒေါ်လာ သန်းပေါင်း ၃၀ ဆုကြေးရှိ ပြိုင်ပွဲတစ်ခုကို အဖွဲ့ ၁၈ ဖွဲ့ က ပြိုင်နေကြပါတယ်။ အဲဒီပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် “Astrobotic” အဖွဲ့ ဟာ မိုဂျေ့ဗ် လေကြောင်းနဲ့ အာကာသ စခန်း တို့မှာ အရေးကြီးတဲ့ စစ်ဆေးမှုတွေကို ပြီးစီးသွားပါပြီ။ “Astrobotic” ဟာ မြေပြင်အဆင့် စစ်ဆေးရေး ကိုပြုလုပ်ရန် Masten အာကာသ စနစ်နဲ့တွဲဖက် အလုပ်လုပ်နေပါပြီ။
Google ရဲ့ ဒေါ်လာ သန်းပေါင်း၃၀ ဆုကြေးပေးမယ့် Lunar XPrize ပြိုင်ပွဲမှာတော့ လကမ္ဘာပေါ်ပထမဆုံး ဆင်းသက်နိုင်တဲ့အဖွဲ့က အနိုင်ရရှိမှာ ဖြစ်ပြီး ယင်းပြိုင်ပွဲ အတွက် ကမ္ဘာပေါ်မှာတင် ပြုလုပ်မယ့် စစ်ဆေး မှုတွေကို ပြီးစီးအောင်လုပ်ပြနိုင်တဲ့ အရည်အချင်းရှိသူ အဖွဲ့တွေကို ဒေါ်လာ၆သန်း ကနဦး ပေးထားမှဖြစ် ပါတယ်။
“Astrobotic” ဟာစစ်ဆေးမှု တွေကိုပြီးစီးအောင်လုပ်ပြနိုင်ခဲ့ပါတယ်။ လကမ္ဘာဟာ ကမ္ဘာနဲ့ အနီးဆုံးအိမ်နီး ချင်းလို့ ဆိုနိုင်ပေမယ့် တကယ်တော့ ၃၈၂,၅၀၀ ကီလိုမီတာ ကွာဝေးပါတယ်။ လကမ္ဘာကိုဦးတည်တဲ့ ခရီး ဆိုတာဟာ လေထုရဲ့အပြင်ကိုရောက်သွားချိန်မှာတော့ လုံးဝရပ်နားခွင့်မရှိတော့သလို မှားခွင့် မရှိတဲ့ ခရီးကို သွားနေရခြင်းပဲဖြစ်ပါတယ်။
Trend Myanmar

မှတ်ချက်များ