ရန်ကုန်မြို့၏ ပထမဆုံးသော အပြာရောင်ကမ္ဗည်းပြားဖြစ်သည်ဟု သိရသည်။
အပြာရောင်ကမ္ဗည်းပြားသည်ကမ္ဘာ့မြို့တော်များတွင် ထင်ရှားသည့် သမိုင်းကြောင်းရှိသည့် အဆောက် အအုံများတွင်တပ်ဆင်လေ့ရှိပြီး ရန်ကုန်မြို့၏သမိုင်းကြောင်းတွင် အရေးပါခဲ့သော အဆောက်အအုံများ၊ လူပုဂ္ဂိုလ်များအားအထိမ်းအမှတ်ပြုရန် ရည်ရွယ်ပြီး ရန်ကုန်မြို့ပြအမွေအနှစ် ထိန်း သိမ်းစောင့်ရှောက်ေ ရးအဖွဲ့ (YHT)က စီစဉ်လုပ်ဆောင်ခြင်း ဖြစ်သည်။
သမိုင်းအတွက်အရေးပါသော အဆောက်အအုံများတွင် ဆက်လက်တပ်ဆင်သွားမည်ဖြစ်ကြောင်း YHT ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ပြောကြားခဲ့သည်။
အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခြင်းအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရေး ၊ ရန်ကုန်မြို့ အနှံ့ သမိုင်း ၀င်နေရာများအား လေ့လာရေး၊ အပြာရောင်ကမ္ဗည်းပြားများ ထုတ်လုပ်တပ်ဆင်ရေးတို့အတွက် ဥရောပ ကုမ္ပဏီတခုဖြစ်သော Royal Philips က ဒေါ်လာ ၇၅,၀၀၀ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
(ဓာတ်ပုံများ – စိုင်းဇော်/ဧရာဝတီ)







မှတ်ချက်များ