![]() |
| အလုပ်သမား ၀န်ကြီးဌာနရုံးတွင် ပြည်ပအလုပ်ခေါ်စာကပ်ထားသည်ကို လာရောက်ကြည့်ရှုနေသူများအား တွေ့ရစဉ် |
ထိုသို့ မကာအိုသို့ အလုပ်သမားစေ လွှတ်နိုင်ရန်အတွက် ပြည်ပအလုပ်အကိုင်အေ ဂျင်စီအသင်းချုပ်နှင့် မကာအိုရှိ အေဂျင်စီတို့ အလုပ်သမားစေလွှတ်ရေး နှစ်ဖက်နားလည်မှု စာချွန်လွှာ(MoU)ကို မကြာမီရေးထိုး သွား မည်ဖြစ်သည်ဟု သိရသည်။
“မကာအိုက တိုင်းပြည်ကလည်းအေး ချမ်းတယ်။ လစာကလည်း ထိုင်းတို့ မလေးရှားတို့ထက် နှစ်ဆ သုံးဆလောက် ပိုကောင်းတယ်။ လုံခြုံရေးကိုတောင် အမေရိကန်ဒေါ် လာ ၁ဝဝဝ ကျော် လစာပေးတယ်။ လုံလောက်တဲ့အလုပ်သမား အခွင့်ရေးကလည်း ရှိတယ်ဆိုတော့ မကြာခင်မှာMoU ရေးထိုးပြီး အလုပ်သ မား စေလွှတ်သွားမှာပါ။ အလုပ်သမား ဝန်ကြီးဌာနကလည်း ကျွန်တော်တို့ကို အမြန် ဆုံး MoU ထိုးဖို့ တိုက်တွန်းထားပါတယ်” ဟု ဦးမင်းလှိုင်က ဆိုသည်။
“အဓိကတော့ အမျိုးသားရော၊ အမျိုးသမီးကိုရော စေလွှတ်မှာပါ။ စက်ရုံ အလုပ်ရုံ တွေလည်းပါမယ်။ ကာစီနို မှာလည်း ဖြစ်ချင်ဖြစ်မယ်။ လစာကောင်းတဲ့အတွက် ဒီအခွင့်ရေးကို ကျွန်တော်တို့အလုပ်သမားတွေ လက်မ လွှတ်သင့်ပါဘူး”ဟု ယင်းက ဆက်လက်ပြောကြားသည်။
မကာအိုရှိ စက်ရုံအလုပ်ရုံလုပ်ငန်း၊ ကာစီနိုလောင်းကစားလုပ်ငန်းများ အလုပ်သမားများ သွားရောက်လုပ် ကိုင်မည်ဆိုပါက အလုပ်သမားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ အနည်းဆုံး ၆ဝဝ မှ ၁ဝဝဝ ကျော်အထိ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယားနှင့် ဂျပန်အပါဝင် ပြည်ပနိုင်ငံ ၁၅ နိုင်ငံကို မြန်မာအလုပ်သမားများ တရားဝင်ပို့ဆောင်လျက်ရှိပြီး မကြာခင် မကာအိုသည် မြန်မာအလုပ်သမားပို့ဆောင်ရာ ဈေးကွက်တစ် ခု ဖြစ်လာတော့မည်ဖြစ်သည်။
ပြည်တွင်းအလုပ်အကိုင် အခွင့်လမ်းရှားပါးမှုနှင့် လစာနည်းပါးမှုတို့ကြောင့် လက်ရှိတွင် မြန်မာနိုင်ငံလူ ဦးရေ၏ ၁ဝ ရာခိုင်နှုန်း ကျော်ခန့်သည် ပြည်ပသို့ပြောင်းရွှေ့ အလုပ်လုပ်ကိုင်လျက်ရှိကြောင်း နိုင်ငံတ ကာရွှေ့ပြောင်း သွားလာမှုဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့အစည်း (IOM) က ထုတ်ပြန်ထားသည်။
နန်းစုနှင်းထွေး | EMG

မှတ်ချက်များ