လစာမပေးဘဲ ပြန်သည့် ကိုရီးယားအလုပ်ရှင်ကို ကိုရီးယားဥပဒေဖြင့် တရားစွဲမည်

ကိုရီးယားမာစတာစပေါ့အထည်ချုပ်စက်ရုံဝန်ထမ်းများ ဆန္ဒဖော်ထုတ်နေစဉ်-ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ကိုရီးယားနိုင်ငံသို့ ထွက် ပြေးတိမ်းရှောင်ခဲ့သည့် ကိုရီးယား အလုပ်ရှင်ကို ကိုရီးယားနိုင်ငံ ဥပဒေဖြင့် တရားစွဲ ဆိုရန် စီစဉ်နေ ကြောင်း အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးအေး မြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်က လှိုင် သာယာမြို့နယ် စက်မှုဇုန်-၃ အ တွင်းရှိ မာစတာစပေါ့အထည် ချုပ်စက်ရုံမှ လုပ်သား ၈၀၀ ကျော် ကို အလုပ်ရှင်ကိုရီးယားက ဇွန်လ အတွက် လစာမပေးသည့်အပြင် နစ်နာကြေးမပေး ဘဲ စက်ရုံပိတ် သိမ်းခဲ့ပြီး ကိုရီးယားနိုင်ငံသို့ ထွက်ပြေးခဲ့သည်။ မြန်မာအစိုးရ က ၎င်းကို တည်ဆဲဥပဒေအရ တ ရားစွဲဆိုခဲ့သော်လည်း အလုပ်ရှင် မှာ ကိုရီးယားသို့ ထွက်ပြေးခဲ့ သည့်အတွက် ၎င်းကို အရေးယူ ပေးရန် ကိုရီးယားသံအမတ်နှင့် နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။

‘‘ကိုရီးယားသံအမတ်နဲ့ တွေ့ တာ နှစ်ကြိမ်ရှိပြီ။ ဒါ့အပြင်ဟို ဘက်မှာလည်း တရားစွဲလို့ရ အောင် နိုင်ငံတ ကာနဲ့ လုပ်နေ တယ်။ ဘယ်လို တရားစွဲလို့ရမလဲ လုပ်နေတယ်။ သူ့နိုင်ငံ ဥပဒေနဲ့ပဲ ဆွဲရမှာ၊ ဥပဒေပညာ ရှင်တွေနဲ့ တိုင်ပင်နေတယ်’’ ဟု ပြည်ထောင် စုဝန်ကြီး ဦးအေးမြင့်က ပြော သည်။

လက်ရှိမြန်မာအစိုးရအနေ ဖြင့် အလုပ်ရှင်ကို တရားစွဲဆိုထား သော်လည်း အလုပ်ရှင်မှာထွက် ပြေးတိမ်း
  ရှောင်ခဲ့၍ အလုပ်ရှင် ကိုယ်စား မန်နေဂျာဖြစ်သူကိုသာ စစ်ဆေးဆောင်ရွက်လျက်ရှိ သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ စက်ရုံမန်နေဂျာကလည်း အလုပ်ရှင် သူဌေးပေါ်သာ မူတည် ကြောင်း ပြောဆိုလျက်ရှိသည်ဟု အလုပ်သမားများထံမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သက် ဆိုင်ရာမြို့နယ်တွင် အလုပ်ရှင် ကိုရီးယားကို ပုဒ်မလေးခုဖြင့် အမှုဖွင့် တရားစွဲ ဆိုလျက်ရှိပြီး အလုပ်သမား ဥပဒေနှင့်လည်း ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။ အလုပ်သမားဥပဒေဆိုင်ရာ အ ငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ နစ်နာကြေးရပိုင်ခွင့်များကို ဆုံး ဖြတ်ပေးမည့် ခုံသမာဓိတွင် သြ ဂုတ် ၁၄ ရက်က စစ်ဆေးဆောင် ရွက်ခဲ့ပြီး သြဂုတ် ၁၉ ရက်တွင် ဆုံးဖြတ်ချက်အမိန့် ချမှတ်မည် ဖြစ်သည်။

‘‘အလုပ်သမားဘက်က တ ကယ်ရတာလား၊ မရတာလားဆို တာ ခုံသမာဓိမှာ စစ်ပြီး ဆုံးဖြတ် မှာပေါ့။ နစ်နာကြေးပေးဖို့က တော့ ကိုယ်စားလှယ်က ဒီမှာ ကျန်ခဲ့တယ်။ မရရင် အခွန်မှုဖွင့် ပြီး အကောင်အထည်
ဖော် ဆောင်ရွက်ရင် ဆောင်ရွက် ဒါမှ မဟုတ် သူပိုင်တဲ့ပစ္စည်းတွေ စာ ကပ်ပြီး ရောင်းချတာပဲဖြစ်ဖြစ် လုပ်ရ မှာပေါ့’’ ဟု အလုပ်သမား ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

အလုပ်ရှင်က ဥပဒေချိုး ဖောက်ပြီး ထွက်ပြေးတိမ်းရှောင် ခဲ့၍ စက်ရုံမှ အလုပ်သမားရှစ်ရာ ကျော်က ဇူလိုင် ၁၇ ရက်တွင် ကိုရီးယားအလုပ်ရှင်ကို အရေးယူ ဆောင်ရွက်ပေးရန် လှိုင်သာယာ စက်မှုဇုန်မှ ရန်ကုန်မြို့ တက္ကသိုလ် ရပ်သာလမ်းရှိ ကိုရီးယားသံရုံး ရှေ့သို့ လမ်းလျှောက် ချီတက်ဆန္ဒ ပြ တောင်းဆိုခဲ့သော်လည်း ကိုရီးယားသံရုံးအနေဖြင့် ယခုအချိန်ထိ ထိရောက်စွာ ဆောင်ရွက်ပေးနိုင် ခြင်းမရှိသေးပေ။

အေးမြတ်သူ| 7day



မှတ်ချက်များ