မော်လမြိုင် - ဘားအံကားလမ်း ကားတိုက်မှု ၃ ဦးသေ၊ ၁၇ ဦး ဒဏ်ရာရ
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မော် လမြိုင်-ဘားအံကားလမ်း၊ မိုင်တိုင်အမှတ်(၁၀/၂) ခရုံလမ်းအ၀င်၌ မော်လမြိုင် ဘက်မှ ဘားအံဘက်သို့ မော် လမြိုင်မြို့၊ လှိုင်ရပ်ကွက်နေ ဇော်ထွန်းဦး(၄၉)နှစ် မောင်းနှင်လာသော 5G/xxxx ““မြတ်ရတနာမင်း”” ခရီး သည်တင်မှန်လုံယာဉ်သည် ရှေ့မှ ကျိုက်မရောမြို့နယ်၊ ညောင်ပင်ဆိပ် ကျေးရွာနေ ညီညီ(ခ) မျိုးညီညီ (၄၃)နှစ်မောင်းနှင်နေသည့် ၇က/xxxx ““ရမ္မာဝတီ””ခရီးသည်တင် ဟိုင်းလတ်ယာဉ်အား ကျော်တက်စဉ် ဟိုင်းလပ်ယာဉ်၏၀ဲဘက်ခြမ်းအား ပွတ်တိုက်မိသဖြင့် ဟိုင်းလတ် ယာဉ်မှာ လမ်းဘေးသို့ထိုးကျတိမ်းမှောက် သွားခဲ့ပြီး 5G/xxxx ယာဉ်မှာ မျက်နှာချင်းဆိုင်မှ ဘားအံမြို့နယ်၊ ဂျိုင်းရွာနေ ကိုနိုင်းနိုင်း(၄၂)နှစ်မောင်းနှင် လာသော 9D/xxxx Hijet ယာဉ်အား ထပ်မံဝင်ရောက် တိုက်မိခဲ့သည်။
ထိုသို့တိုက်မိမှုကြောင့် 5G/xxxx ယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း 9D/xxxx Hijet ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ဦးစိန်ငွေ(၅၀)နှစ်ပါ ကျား ၂ ဦး၊ မ ၁ ဦး၊ စုစုပေါင်း (၃) ဦး သေဆုံးသွားခဲ့ပြီး ၇က/xxxx ဟိုင်းလတ်ယာဉ်ပေါ်ပါ ကျား ၆ ဦး၊ မ ၁ ဦးနှင့်ံငနြအ ယာဉ်ပေါ်ပါ ကျား ၁ ဦး၊ မ ၉ ဦး၊ စုစုပေါင်း(၁၇)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဇော်ထွန်းဦးအား ကျိုက်မရော မြို့မရဲစခန်း ယာဉ်(ပ) ၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မှတ်ချက်များ