အနက်ရောင် ကတ္တရာလမ်းပေါ်တွေကနေ အမျိုးသားတွေနဲ့တန်းတူ ယာဉ်ကြောကျပ် တည်းမှုဒဏ် ခံစားနေရတာတွေကို နှုတ်ဆက်ဖို့ အချိန်ရောက်ရှိလာပါပြီ။ အမျိုးသမီး တွေမို့လို့ စိတ်ကူးယဉ်ဆန် ဆန် နူးညံ့သိမ်မွေ့တတ်တာကို ဖော်ကျူးတဲ့အနေနဲ့ ပန်း နုရောင် လမ်းမပေါ်မှာ အိမ်မက်ဆန်ဆန်ဖြတ် သန်းသွားလာဖို့ကို ရည်ရွယ်တာပါ။
လန်ဒန်ရဲ့ ကားအသွားအလာများတဲ့ တချို့သောလမ်းမတွေကို ပန်းနုရောင်ဆေးနဲ့အ မျိုးသမီး သင်္ကေ တလေးတွေရေးဆွဲပေးထားတဲ့တာက အမျိုးသမီးတွေသာမောင်းနှင်အ သုံးပြုဖို့အတွက် ဖော်ပြပေး ထားတာဖြစ်ပါတယ်။
အရင်အချိန်က ကားလမ်းကျပ်တည်း မှုတွေကြားမှာ အမျိုးသားယာဉ်မောင်းတွေရဲ့ မဆင်မခြင်စည်းကမ်းမဲ့ ချိုးဖောက်မှုတွေ၊ လမ်းကြောအနိုင်ကျင့်ကြားဖြတ်မှုတွေနဲ့အခြားသော စိတ်သောကရောက်စရာ မော် တော် ယာဉ်စည်းကမ်းချိုးဖောက်မှုတွေကို ခံစားရမှာ မဟုတ်ပါဘူး။ အမျိုးသား၊အမျိုးသမီးအားလုံးအသုံးပြုကြ၍ ယာဉ် ကြော ကျပ်တည်းမှုဖြစ်ကာ နာရီပေါင်းများစွာ အလဟဿ ကုန်ဆုံးရခြင်းမှကင်းဝေးစေနိုင် မှာဖြစ်ပါ တယ်။
ဒီလို အမျိုးသမီးတွေအတွက် ပန်းရောင်လမ်းကြောပြုလုပ်တဲ့ ကုမ္ပဏီပြောခွင့်ရ သူတစ် ဦးက “ကျွန်တော် တို့ရဲ့အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီးပြုလုပ်တဲ့ ဒီပန်းနုရောင် လမ်းကြောလေးတွေက အရမ်းကိုအ ကျိုးရှိစေနိုင်မယ်လို့ ထင်ပါတယ်။
SearchMyanmar


မှတ်ချက်များ