Colgate Total သွားတိုက်ဆေးတွင် ကင်ဆာ ဖြစ်စေနိုင်သော ဓာတု ပစ္စည်းများ ပါဝင်နေ


အမေရိကန်နိုင်ငံ နှင့် ကမ္ဘာ တစ် ဝန်းတွင် ဖြန့်ဖြူးနေပြီး လူသန်းပေါင်း များစွာ အသုံးပြုနေသော နာမည်ကျော် ကိုးလ်ဂိတ် ကုမ္ပဏီထုတ် Colgate Total သွား တိုက်ဆေး တွင် ကင်ဆာရောဂါဖြစ် ပွားစေနိုင်သော ဓာတု ပစ္စည်းများ ပါရှိ နေကြောင်း Bloomberg သတင်းဌာန က ရေးသားဖော်ပြ လိုက်သည်။

Colgate Total သွားတိုက်ဆေး ထုတ်လုပ်ရာတွင် ထည့်သွင်း အသုံးပြုသော ဓာတုပစ္စည်း Triclosan သည် တိရစ္ဆာန် များတွင် ကင်ဆာဆဲလ် များကို ပိုမို အား ကောင်းလာစေပြီး ဖွံ့ဖြိုးမှုကို အနှောင့်အ ယှက် ဖြစ်စေ သည်ဟု စမ်းသပ်မှုအရ တွေ့ ရှိခဲ့ပြီးနောက် လူသားများ အတွက် သုံးစွဲ ရန် သင့်မသင့်ကို ပြန်လည် သုံးသပ် ရန် လိုနေပြီဖြစ်သည်ဟု ၄င်းက ဆိုသည်။

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတား ပြည်နယ်တွင် ဓာတုပစ္စည်း Triclosan ပါသော ထုတ်ကုန် အများစုကို ရောင်း ချ ခွင့် ပိတ်ပင်ခဲ့ပြီးနောက် Bloomberg သတင်းဌာနက ဤသို့ရေးသား ဖော်ပြ လိုက်ခြင်း ဖြစ်သည်။

SearchMyanmar




မှတ်ချက်များ