![]() |
| အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး John Kerry နဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop (Credit: ABC licensed) |
သြစတြေးလျ-အမေရိကန် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲကို ဆစ်ဒနီမြို့မှာ ပြုလုပ်မှာဖြစ်ပြီးတော့ သြစတြေး လျနဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတို့အပြင် သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဂျူလီ ဘိရှော့ပ်နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီတို့လည်း ပါဝင်မှာဖြစ်ပါတယ်။
ဆူနီ မွတ်စလင်တွေရဲ့ တိုက်ခိုက် မှုကြောင့် အီရတ်နိုင်ငံ အရှေ့မြောက်ဘက် တောတောင်တွေမှာ ထွက်ပြေး တိမ်းရှောင် နေကြရတဲ့ အနည်းဆုံး လူပေါင်း သုံးသောင်း အတွက် လူသားခြင်း စာနာတဲ့အ ကူအညီတွေကို သြစတြေးလျ စစ်လေယာဉ်တွေက လိုက်လံ ပစ်ချပေးနေပြီဖြစ်ပါတယ်။
ဆူနီ အကြမ်းဖက် သမားတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် သြ စတြေးလျ နိုင်ငံက ဘယ်လိုကဏ္ဍတွေမှာ ထောက်ပံ့ပေးရမလဲဆိုတဲ့ အကြောင်းတွေကို ဆွေးနွေးကြမှာဖြစ် တယ်လို့ သိရပါတယ်။
ABC Radio Australia

မှတ်ချက်များ