အမျိုးသမီးတစ်ဦးအား ရိုက်နှက်နှိပ်စက် ဒါးနဲ့မွမ်း မုဒိမ်းကျင့်ပြီး သစ်ပင်မှာ ကိုယ်လုံးတီးချဉ် နှောင်ထားခဲ့တဲ့ ရက်စက်တဲ့ ဖြစ်စဉ်တစ်ခု ကသာမြို့နယ်အတွင်း ဖြစ်ပွား

၂၈၊၉၊၂၀၁၄ရက်နေ့ မွန်းလွဲ(၃)နာရီကျော်အချိန် စစ်ကိုင်း တိုင်းဒေသကြီး ကသာမြို့နယ်အပိုင်တွင် ကြားရသူတိုင်း စိတ်မချမ်းမသာ ဖြစ်ခဲ့ရသော မှုခင်းတစ်ခုဖြစ်ပွားခဲ့ကြောင်း herjule media မှသတင်းရရှိခဲ့ပါသည်၊

ဖြစ်ပွားပုံမှာ (မခင်xx ၏တိုင်ချက်အရ သိရသည်မှာ) ထိုနေ့ မနက်(၇)နာရီအချိန်က ကသာမြို့နယ်အပိုင် မံလွဲကျေးရွာ
နေမခင်xx (၃၃နှစ်)သည် ကသာမြို့ပေါ်သို့လာရောက်ခါ
ကျောက် ဆည်မြို့နေ မောင်ဖြစ်သူထံ ငွေလွဲပေးပို့ခြင်း
ဈေးဝယ်ခြင်းများပြုလုပ်ခဲ့ပါ သည်၊ပြုလုပ်ဖွယ်ကိစ္စများ လုပ်ပြီး၍သခင်လေးလိုင်းကားဖြင့် ရွာသို့ပြန်ခဲ့ရာ လိုင်မော်
တော်ယာဉ်များမှာ ရွာအထိ မရောက်သဖြင့် ဟဲနားရွာတွင် ဆင်းခဲ့ပါသည်၊ ဟဲနားရွာမှ မံလွဲရွာသို့အပြန် ကျွန်းပင်ရွာ နှင့် မံလွဲရွာအကြား တောထဲအရောက်တွင်အမည်မသိမြင် လျှင်မှတ်မိသူမှ နောက်က လိုက်လာပြီး လက်သီးနဲ့ထိုးခြင်း၊
ဒါးနှောင့်နှင့် ဦးခေါင်းကိုထုခြင်း၊ နွယ်ကြိုးများနှင့် ချည်နှောင်
ခြင်း၊ဒါးဖြင့်မွမ်းခြင်းတို့ ကြောင့် သူမ မေ့မျောသွားခဲ့ပါသည်၊

သတိရလာသောအခါသူမ၏ ခန္ဒာကိုယ်တွင် ၀တ်ဆင်ထားသော အ၀တ်အစားများမရှိတော့ဘဲ ကြိုးဖြင့် တုတ် ထားသည်ကို သိလိုက်ရပါသည်၊ထိုအချိန်တွင် သူမ၏ မိန်းမကိုယ်တစ်ခုလုံးလည်း မတရားပြုကျင့် ခံထားရသဖြင့် နာကျင်နေကြောင်း သူမ၏ ရဲစခန်းတိုင်ချက်တွင်ဖေါ်ပြရေးသားထားပါသည်၊

နောက်နေ့ နံနက်(၅)နာရီအချိန်တွင်မှ သူမ၏ “ကယ်ကြပါဦး၊ ကျွန်မကို ကြိုးနဲ့တုတ်ထားပါတယ်”အော် ဟစ်သံကို လှည်းသမားများကြားခဲ့ရပြီးကျေးရွာအုပ်ချုပ်ရေးမှူးထံ သတင်းပို့ခါ ကသာခရိုင်ဆေးရုံကြီး သို့ပို့ဆောင်ခဲ့ကြပါသည်၊

ထိုဖြစ်စဉ်အပေါ် မိုးတားကျေးရွာ ရဲစခန်းမှူးရဲအုပ်ဇော်ထွန်းမှ တရားခံအားစုံစမ်းဖေါ်ထုတ်ခဲ့ရာ တရားခံဖြစ် သူ သက်နိုင်(၃၄နှစ်) ဘဦးကျော်မောင်၊ဟဲနားရွာအား ကျူးလွန်စဉ်က ၀တ်ထားသော အ၀တ်အစားများနှင့် တကွ သက်သေခံဒါးကိုပါသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရပါသည်၊ သက် နိုင်မှာ ကလေး(၂)ယောက်ရှိသည့် အိမ်ထောင်သည်ဖြစ်ပြီး ပြုကျင့်ခံရသူ မခင်xxမှာ အပျိုဖြစ်ကြောင်း herjule media မှ စုံစမ်းသိရှိရပါသည်၊

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံ သက်နိုင်အား ကသာရဲစခန်းမှ(ပ)၂၀၀/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၄၂၊ ၃၂၆၊ ၃၇၆ တို့ဖြင့် တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်၊

ဟာဂျူလီ-ကသာ

မှတ်ချက်များ