ပျောက်ဆုံး ခါကာဘိုရာဇီတောင်တက်သမားနှစ်ဦးနှင့်ရဟတ်ယာဉ်ကို မောင်းသူမဲ့လေယာဉ်ဖြင့် ရှာဖွေမည်
ပျောက် ဆုံးသွားသောရဟတ်ယာဉ်နှင့် တောင်တက်သမားနှစ်ဦးကို တရုတ် နိုင်ငံ Bluesky တောင်တက် အဖွဲ့က မောင်းသူမဲ့လေယာဉ်နှင့် ရဟတ် ယာဉ်များကိုအသုံးပြုကာ ရှာဖွေ သွားမည်ဖြစ်ကြောင်း Bluesky
တောင်တက်အဖွဲ့မှ Mr. Xuyue က ပြောသည်။
စက်တင်ဘာ ၂၈ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့မှ ရောက် ရှိလာသည့် Bluesky တောင်တက်အ ဖွဲ့မှ Mr. Xuyue က ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။
အဆိုပါရှာဖွေမှုများကို ရက် ပိုင်းအတွင်း ဆောင်ရွက်သွားမည်ဖြစ် ပြီး ခါကာဘိုရာဇီတောင်အခြေအ နေနှင့် ရာသီဥတုအခြေအနေပေါ် မူတည်ကာ ယင်းမောင်းသူမဲ့လေ ယာဉ်နှင့် ရဟတ်ယာဉ်များကို လိုအပ် သလို အသုံးပြုရှာဖွေသွားမည်ဖြစ် ကြောင်း သိရသည်။
Mr. Xuyue က ''အချိန်တိုအ တွင်း ထိရောက်တဲ့ကယ်ဆယ်ရေးနဲ့ ရှာဖွေမှုတွေကို အသေးစိတ်ပိုက် စိတ်တိုက်ပြီး လုပ်ဆောင်သွားမှာ ပါ။ ကုန်ကျစရိတ်ကတော့ ခန့်မှန်း လို့မရသေးဘူး။ ကျွန်တော်တို့ မှာ တောင်တွေတက်ခဲ့တဲ့ အတွေ့အကြုံ တွေ အများကြီးရှိပါတယ်။ မြန်မာ နိုင်ငံတော်အစိုးရအနေနဲ့လဲ ကျွန် တော်တို့ကို အများကြီးကူညီပါတယ်။ နောက်ကိုလဲ ဒီထက်မကကူညီနိုင် ဖို့ မျှော်လင့်ပါတယ်'' ဟု ပြောကြား သည်။
Bluesky တောင်တက်အဖွဲ့မှ တာဝန်ရှိသူနှစ်ဦးသည် စက်တင် ဘာ ၂၈ရက်နေ့ ည ၁၁နာရီခန့်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက် ရှိလာပြီး ကချင်ပြည်နယ် သို့ဆက် လက်ထွက်ခွာမည်ဖြစ်ကြောင်း သိ ရသည်။
အဆိုပါတောင်တက်အဖွဲ့မှာ Mr. Xuyue နှင့် Mr. Zhang Guang Rui တို့နှစ်ဦးဖြစ်ပြီး ၄င်းတို့နှစ်ဦး အနက်တစ်ဦးမှာ ကယ်ဆယ်ရေးလုပ် ဆောင်မှုများနှင့်ပတ်သက်သည့်အပိုင်းကို စီမံခန့်ခွဲမည့်သူဖြစ်ပြီး တစ်ဦး မှာ ကယ်ဆယ်ရေးအဖွဲ့တွင်ပါဝင် ဆောင်ရွက်မည့်သူတို့ဖြစ်သည်။
ထို့ပြင် တောင်တက်သမားနှစ် ဦးနှင့် ရဟတ်ယာဉ်ကိုရှာဖွေရာတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ် ခွဲနှစ်ခွဲအပါအဝင် ဒေသခံပြည်သူ များကလည်း ရှာဖွေနေကြကြောင်း သိရသည်။
ပူတာအိုမြို့နယ် တဟောင်ဒမ်း ရွာတွင်အခြေစိုက်သည့် ပျောက်ဆုံး နေသောတောင်တက်သမားနှစ်ဦး ကို ကယ်ဆယ်ရန် ကယ်ဆယ်ရေးအ ခြေစိုက်စခန်းသို့ ရိက္ခာပို့ရန် သွား သည့် ထိုင်းနိုင်ငံမှ B4 ရဟတ်ယာဉ် သည် ပူတာအိုလေဆိပ်မှ စက်တင် ဘာ ၂၇ရက်မွန်းလွဲ ၂နာရီအချိန်တွင် ပျံသန်းပြီး မိနစ်၂ဝခန့်အကြာတွင် အဆက်အသွယ်ပြတ်တောက်သွား ခြင်းဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးနေသောတောင် တက်သမားနှစ်ဦးဖြစ်သည့် ကိုဝေယံ မင်းသူနှင့် ကိုအောင်မြင့်မြတ်တို့နှစ် ဦးမှာ သြဂုတ် ၃၁ရက်မှ စတင်ကာ အဆက်အသွယ်ပြတ်တောက်သွား ခြင်းဖြစ်ကြောင်း သိရသည်။
Democracytoday

မှတ်ချက်များ