ပရိသတ်တဦး သေဆုံးခဲ့မှုကြောင့် ဂရိဘောလုံးပွဲစဉ်များ ရပ်ဆိုင်း

သေဆုံးသွားသည့် ပရိသတ်
အကြမ်းဖက်မှုကြောင့် ပရိသတ်တဦး သေဆုံးသွားပြီးတဲ့နောက် ဂရိနိုင်ငံမှာ ကစားနေတဲ့ ဘောလုံးပြိုင်ပွဲ စဉ်တွေကို ရပ်ဆိုင်းလိုက်ပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့က ဂရိနိုင်ငံ ခရိမှာ ကစားတဲ့ တတိယတန်း ပြိုင်ပွဲက အက်သနီကိုစ့်နဲ့ အီယိုဒို
တော့စ်တို့ရဲ့ ပွဲစဉ်တွေအတွင်း ၂ ဖက် ပရိသတ်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။

ဒီလိုဖြစ်ပွားခဲ့အပြီး ၂ ပတ်အကြာမှာ ပဋိပက္ခမှာ ဒဏ်ရာရခဲ့တဲ့ အက်သနီကိုစ့် ပရိသတ် အသက် ၄၆ နှစ်အ ရွယ် ကော့စတပ် ကပ်ဆိုးလိစ်ဟာ ဦးနှောက်သွေး ယိုပြီး သေဆုံးခဲ့ပါတယ်။

ဒီအတွက် နိုင်ငံတွင်းက ယှဉ်ပြိုင်ကစားနေတဲ့ ဘောလုံး၊ ဘတ်စကတ်ဘောနဲ့ လက်နဲ့ပစ်ကစားရတဲ့ ဘော လုံးပြိုင်ပွဲ အားလုံးတွေကို ဂရိအစိုးရက ရပ်ဆိုင်းလိုက်ပါတယ်။

သေဆုံးသူကို သတိရလေးစားတဲ့အနေနဲ့ အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူက ပြောပါ တယ်။ သတ်ဖြတ်ဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၄ ဦးကိုလည်း စွဲဆိုထားပါတယ်။

DVB

မှတ်ချက်များ