မုဒိန်းပြုကျင့်ရန်ကြိုးပမ်းသူအား သတ်ခဲ့သည့်အမျိုးသမီး ကွက်မျက်ခံရဖွယ်ရှိ


အီရန်နိုင်ငံတွင် မိမိအား မုဒိန်းပြုကျင့်ရန်ကြိုးပမ်းခဲ့သူအား သတ်ခဲ့သည့် အမျိုးသမီးတဦး ယနေ့တွင် ကွက် မျက်ခံရဖွယ်ရှိနေသည်။

အသက် ၂၆နှစ်ရှိ ရေဟာနားဂျက်ဘရီဆိုသူ အမျိုးသမီးသည် အီရန်ထောက်လှမ်းရေးဝန်ကြီးဌာန၏ ၀န် ထမ်းဟောင်းဖြစ်သူ မော်တီဇာအဗ္ဗဒိုလာလီဆာဘန်ဒီ ဆိုသူကို ၎င်းအား အဓ္ဓမပြုကျင့်ရန် ကြိုးစားခဲ့သည်ဟု ဆိုကာ သတ်ခဲ့သောကြောင့် ၂၀၀၇ခုနှစ်က ဖမ်းဆီးခံခဲ့ရသည်။

၂၀၀၉ ခုနှစ်တွင် တီဟီရန်တရားရုံတခုက သူမအား သေဒဏ်ချမှတ်ခဲ့ရာ နိုင်ငံတကာက အပြင်းအထန် ဝေ ဖန် ခဲ့ကြပြီး သူမလွတ်မြောက်ရေးအတွက် လက်မှတ်ပေါင်း ၁၉၀,၀၀၀ ဖြင့် ကန့်ကွက်အရေးဆိုခဲ့ကြသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသော အီဗင်အကျဉ်းထောင်အာဏာပိုင်များက သမီးဖြစ်သူ၏အလောင်းအား ယနေ့လာရောက်ရွေးယူရန် ပြောကြောင်း ဂျက်ဘရီ၏ မိခင်ဖြစ်သူ ရှလိုးပရာဗင်က တနင်္လာနေ့တွင် ဖေ့စ် ဘွခ်ပေါ်၌ ရေးသားခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က ပြောသည်။

သူမ၏ဖေ့စ်ဘွခ်ပို့စ်တွင် သမီးဖြစ်သူ၏ နုတ်ဆက်စကားကို အောက်ပါအတိုင်ရေးသားထားသည်။

“ကျမကို လက်ထိပ်ခတ်ထားကြတယ်၊ အပြင်မှာ ကျမကို အဆုံးစီရင်ဖို့ခေါ်သွားမယ့် ကားတစီးစောင့်နေ တယ်”

“နူတ်ဆက်လိုက်ပါတယ် ချစ်ရတဲ့အမေ။ မနက်ဖြန်မနက်စောစောကျရင် သမီးရဲ့ နာကျင်မှုတွေအားလုံး အဆုံးသတ်သွားတော့မှာပါ။ အမေ့ရဲ့ ဒဏ်ရာနာကျင်မှုတွေ လျော့နည်းသွားအောင် မလုပ်ပေးနိုင်တာကို
တော့ စိတ်မကောင်းပါဘူး။ သမီးတို့ နောင်ဘ၀ကို ယုံကြည်တယ်။ နောင်ကမ္ဘာမှာ ပြန်ဆုံမယ် အမေ… အဲဒီအခါကျရင် သမီး အမေ့ကို ဘယ်တော့မှ မခွဲဘူး။ ဘာလို့လဲဆိုတော့ အမေနဲ့ ကွဲနေရတာ လောကကြီး မှာ အခက်ခဲဆုံးပဲ အမေ”

ဂျက်ဘရီ က ဆိုပါအမျိုးသားအား နောက်ကျောမှနေ၍ ဓါးဖြင့် ၁ချက်သာ ထိုးခဲ့သည်ကို ၀န်ခံကြောင်း အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးအဖွဲ့က နားလည်သော်လည်း အခြားအမျိုးသားတဦးက မော်တီဇာ အဗ္ဗဒိုလာလီကို သတ်ခဲ့သည်ဟု ဆိုသည်။

“ရွံ့မုန်းဖွယ်ရာ ကွက်မျက်မှုတွေကို ပေးမလုပ်သင့်တော့ဘူး၊ အထူးသဖြင့် လူသတ်မှုဖြစ်ခဲ့တဲ့ အခြေအနေ
တွေနဲ့ပါတ်သက်လို့ သံသယဖြစ်စရာတွေ အကြီးအကျယ် ရှိနေတဲ့ ကိစ္စမျိုးတွေဆို လုံဝမလုပ်သင့်ဘူး၊ အခု လို လူတွေကို ကွက်မြစ်နေမယ့်အစား အီရန်နိုင်ငံက အာဏာပိုင်တွေအနေနဲ့ နိုင်ငံတကာစံတွေနဲ့ မကိုက်ညီ တဲ့ သူတို့ရဲ့ တရားရေးစနစ်ကို ပြုပြင်သင့်တယ်” ဟု အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်း အပြည်
ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့မှ လက်ထောက်ဒါရိုတ်တာ ဟာဆီဘာဟတ်စာရာအူ က ဝေဖန်ပြောဆို သည်။

News Watch

မှတ်ချက်များ