ခေါက်ဆွဲအဓိကထားရောင်းတဲ့တရုတ်နိုင်ငံကစား
သောက်ဆိုင်တစ်ဆိုင်ဟာ ဘိန်းထည့်ချက်နေတာ
ကြောင့်ရဲများက ဖမ်းဆီးခဲ့ပါတယ်။ ဒီလိုထည့်ချက်နေ
ကြောင်း သူတို့ရဲ့ဖောက်သည်တစ်ဦးကြောင့် ရဲများက သိရှိ သွားခဲ့တာဖြစ်ပါတယ်။
Liu Juyou လို့ခေါ်တဲ့ ဒီဖောက်သည်ကို ယာဉ်စည်း ကမ်း ဖောက်ဖျက်တာကြောင့် ရဲများက ဖမ်းဆီးခဲ့ပါ တယ်။
ပုံမှန်လုပ်နေကျအတိုင်း ဆေးစစ်မှုတွေလုပ်တဲ့အခါမှာ Liu ဟာ ဘိန်းသုံးစွဲထားကြောင်း ရဲများ က တွေ့ရှိခဲ့ပါ တယ်။
၂၆ နှစ်အရွယ် Liu ဟာ သူ့ကိုသူ မယုံနိုင်ဖြစ်ခဲ့ရပြီး အကြောက်အကန် ငြင်းဆန်ပါတယ်။ ဒါပေမဲ့ စစ်ဆေးမှု
တွေပြုလုပ်တဲ့အခါမှာ ဒီဆိုင်ကြောင့်ဖြစ်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်ပိုင်ရှင် Zhang ဆိုတဲ့လူကလည်း ဖောက်သည်တွေ များများရအောင် ခေါက်ဆွဲတွေထဲ ဘိန်းထည့်ချက်မိ တယ်လို့ ဝန်ခံတာကြောင့် ရဲများက ဖမ်းဆီးခဲ့ပါတယ်။
Liu ကတော့ အပြစ်ကင်းစင်ကြောင်း သက်သေမခိုင်မာခင်ထိ နှစ်ပတ်လောက်အချုပ်ထဲနေခဲ့ရတယ်လို့ဆိုပါ တယ်။
ဖိုးသူတော်

မှတ်ချက်များ