![]() |
| ဗုဒ္ဒရုပ်ပွားတော်ပုံ ခြေထောက်တွင် ထိုးထားသည့် စပိန်နိုင်ငံသား(ဓာတ်ပုံ – Arial Tun) |
စေတီတော်သို့ လာရောက်စဉ်တွေ့ရှိ၍ စစ်ဆေးမေးမြန်းပြီး ညတွင်းချင်း ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၈ ရက်က အရှေ့ဘက်မုခ်ဓာတ်လှေကား အောက်ခြေ စစ်ဆေးရေးဂိတ်တွင် ခရီးသည်တစ် ဦးက ၎င်းကိုတွေ့ရှိ၍ ဘုရားရဲများထံအကြောင်းကြားခဲ့ကာ စစ်ဆေးခဲ့ပြီး ဒဂုံရဲစခန်းနှင့် ဒဂုံ လ.ဝ.က သို့ ခေါ်ဆောင်မေးမြန်းခဲ့သည်။
‘‘အခြားရည်ရွယ်ချက်တော့ မရှိဘူး။ ထိုင်းနိုင်ငံကတင်ထားတဲ့ပုံကို အင်တာနက်ကတွေ့လို့ ထိုး ထားတာ တဲ့။ ထိုးတာက စပိန် နိုင်ငံမှာထိုးတာ’’ဟု စစ်ဆေးမေး မြန်းခဲ့သည့် ဒဂုံမြို့နယ် လ.ဝ.က ဦးစီးဌာနမှူး ဦးပြုံး ချိုက ပြော သည်။
၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တ လောပြဋ္ဌာန်းချက်)အက်ဥပဒေ ချိုးဖောက်မှုဖြင့်
ပြည်နှင် ဒဏ်ပေး ခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာသနာညှိုး နွမ်းမှုဖြင့် တရားစွဲဆိုနိုင်သော် လည်း မစွဲဆိုခဲ့ကြောင်း ဦးပြုံးချို က ပြောသည်။
‘‘ဒီသတင်းက လူထုကြားထဲ ပြန့်သွားရင် သူ့အတွက်အသက် အန္တရာယ်တွေ့ကြုံနိုင်တယ်။ ဒါ ကြောင့် ညတွင်းချင်းသူနဲ့ပြောဆို ပြီး ပြန်လွှတ်လိုက်တာပါ’’ဟု ဦးပြုံးချိုက ပြောသည်။
အသက်(၂၈)နှစ်အရွယ် စပိန်နိုင်ငံသား ဆန်တယ်လီဂရစ် လိုဂျူအန်ကားလို့စ်သည် ရန်ကုန် မှတစ်ဆင့် မန္တလေးသို့ခရီးသွား ရန် စီစဉ်ထားပြီး ခရီးစဉ်အပြီးတွင် တရုတ်နိုင်ငံသို့ ပြန်မည်ဖြစ် သည်။
စစ်ဆေးမေးမြန်းပြီးနောက် စပိန်နိုင်ငံသား တည်းခိုရာဟို တယ်သို့ပို့ဆောင်ပေးခဲ့ကာ ၎င်း နှင့်အတူပါလာ
သော ဘရာဇီး နိုင်ငံသူနှင့်အတူ ဘန်ကောက်လေယာဉ်ဖြင့် ပြန်လည်စေလွှတ်ခဲ့သည်။
၎င်းကိုအမည်ပျက်စာရင်းသွင်း၊ မသွင်းကို အထက်သို့တင်ပြထားဆဲဖြစ်ပြီး ညွှန်ကြားချက်မရရှိသေးကြောင်း
ဦးပြုံးချိုက ပြောသည်။
ပြီးခဲ့သည့်ဩဂုတ် ၂ ရက်ကလည်း ခြေထောက်တွင် ဘုရားပုံတော် ဆေးမင်ကြောင်ထိုးထားသော ကနေ ဒါနိုင်ငံသားတစ်ဦးကို ညောင်ရွှေမှ ညတွင်းချင်းပြည်နှင်ဒဏ်ပေးခဲ့ဖူးသည်။
7day

မှတ်ချက်များ