သြဂုတ် ၂၉ ရက် ညနေက မင်္ဂလာတောင်ညွန့်မြို့
နယ် ၊ ဗ ညားဒလလမ်းပေါ်တွင် ကားဖြင့် စိတ်ကြွ
ဆေး ပြား တစ်သိန်း သယ်လာသူ အမျိုးသားနှစ်ဦး ကို ရန်ကုန် အနောက်ပိုင်းခရိုင် မူးယစ်ရဲတပ်ဖွဲ့အရာ ရှိများက ဖမ်းဆီး ခဲ့ပြီးနောက် ၎င်းတို့၏လုပ်ငန်းရှင် အိမ်သို့ ၀င်ရောက်ရှာဖွေခဲ့သည်။
အဆိုပါလုပ်ငန်းရှင်များမှာ Natur−al Force ကုမ္ပဏီအမည်ဖြင့် လုပ်ငန်းများစွာ လုပ်ကိုင်နေသူဖြစ်ပြီး ပိုင်ရှင် အမျိုးသမီးကို ၎င်းနေထိုင်ရာအိမ်တွင် စိတ်ကြွဆေးပြား နှစ်သိန်းကျော်၊ သေနတ်နှစ်လက်တို့ ဖမ်းဆီးသိမ်း ဆည်းနိုင်ခဲ့သည်။
‘‘အခုဖမ်းမိတဲ့အမျိုးသမီးကို စစ်နေတုန်းပဲ။ သူ့ယောက်ျားက တော့ ခရီးထွက်နေလို့ ဖမ်းမမိသေးဘူး။ ကုမ္ပ ဏီထောင်ပြီး တခြားလုပ်ငန်းတွေလည်းလုပ်တော့ ဆက်စပ်နိုင်တဲ့ ပစ္စည်းတွေကို လိုက်သိမ်းနေပြီး အသေး စိတ်ကို စစ်နေတုန်းပါ’’ ဟု ပြောကြားသည်။
ကုမ္ပဏီမှ သင်္ဘောများဖြင့် ပြည်တွင်းပြည်ပကုန်စည်ပို့ ဆောင်သည့်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ငါး၊ ပုစွန်မွေးမြူ ရေးလုပ်ငန်းနှင့်အုတ်သဲကျောက်လုပ်ငန်းတို့ကိုလုပ်ကိုင်နေပြီးပိုင်ဆိုင်မှုများကို စိစစ်နေကြောင်း သတင်းရရှိသည်။ လတ်တလော ၎င်းတို့ပိုင်ဆိုင်ဖွယ်ရှိသည့် သင်္ဘောငါးစီးကို ရဲတပ်ဖွဲ့က စစ်ဆေး နေသည်။
ဖြစ်စဉ်မှ စုစုပေါင်းစိတ်ကြွဆေးပြားသုံးသိန်းကျော်နှင့် ဘိန်းဖြူ ၃၅၀ ကီလို သိမ်းဆည်းနိုင်ခဲ့ပြီး မင်္ဂလာ
တောင်ညွန့်နှင့် မရမ်းကုန်းမြို့နယ် ရဲစခန်းတွင်အမှုဖွင့်စစ်ဆေးနေသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က မူးယစ်ဆေးဝါးရောင်းဝယ်သည့် လုပ်ငန်းများတွင်စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်နေကြောင်း ထုတ်ဖော် ပြောကြားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လုပ်ငန်းများစွာလုပ်ကိုင်နေသည့် ကုမ္ပဏီ ပိုင်ရှင် ဦးဆောင်သည့် မူးယစ်ဆေးရောင်းသူများကို ဖမ်းဆီးနိုင်ခဲ့သည့်အမှုဖြစ်သည်။
အောင်သစ်လွင် | 7day

မှတ်ချက်များ