တရုတ်နိုင်ငံ Henan ပြည်နယ် Pingdingshan မြို့က အသက် ၄၁ နှစ်အရွယ် လူတစ်ဦးဟာ မှန်တစ်ချပ်
ကြောင့်အချင်းများရာကနေ အိမ်နီးချင်းရှစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့ အတွက် သေဒဏ်ချမှတ်ခံခဲ့ရပါ တယ်။
Xinhua သတင်းဌာနရဲ့ဖော်ပြချက်အရ Li Lingtao ဆိုတဲ့ လူဟာ သံတုတ်၊ပုဆိန်နဲ့ ဓားများကိုသုံးကာ သတ် ဖြတ်ခဲ့တာဖြစ်ပြီး ၃ ယောက်က ကလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။
လမ်းမျက်နှာချင်းဆိုင်က အိမ်နီးချင်းတွေဟာ သူတို့ရဲ့ အိမ်တံခါးမှာ မှန်တစ်ချပ်ကိုထားကာ သူ့အိမ်ရဲ့တည်

ဆောက်ပုံ အစီအရင်တွေ(feng shui) ကို နှောင့်ယှက်နေတယ်လို့ Li က သံသယရှိခဲ့ပါတယ်။
ဒီအကြောင်းကြောင့် သတ်ခဲ့တာဖြစ်တယ်လို့ Li က တရားရုံးမှာဝန်ခံခဲ့ပါတယ်။ဧပြီလကလည်း တရုတ်နိုင်ငံ မှာ ရဲတစ်ယောက်ကို သေဒဏ်ပေးခဲ့ပြီး ဒီရဲဟာ နွားနို့ပါတဲ့လ္ဘက်ရည် မတိုက်တာကြောင့် ကိုယ်ဝန်ဆောင်အ မျိုးသမီးကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။
Phothutaw

မှတ်ချက်များ