![]() |
| လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ တိုင်ကြားနိုင်ကြောင်း ကော်မရှင်ဟောင်းရဲ့ ကြေညာစာ |
၂၀၁၁ ခုနှစ်တုန်း က ပြည်ထောင်စု အစိုးရ အမိန့်နဲ့ ဖွဲ့ခဲ့ပြီး သမ္မတက ရွေးချယ် ခန့်အပ်ခဲ့ တဲ့ လက်ရှိ လူ့ အ ခွင့်အရေး ကော်မရှင် ကို ဖျက်သိမ်းကာ၊ ပေါ်ပေါက်လာ တဲ့ ဥပဒေ နဲ့အညီ ကော်မရှင် အသစ် ပြန်လည် ဖွဲ့စည်း လိုက်တာ ဖြစ်ပါ တယ်။
ကော်မရှင် အသစ်မှာ ဥက္ကဌ အဖြစ် အငြိမ်းစား သံအမတ် ဦးဝင်းမြ အပါအဝင် အငြိမ်းစား ဝန်ထမ်းဟောင်း ၁၁ ဦး ပါဝင်တာ ကို တွေ့ရပါတယ်။
ဥပဒေ အရ ပေါ်ထွန်းလာ တဲ့ ကော်မရှင် ရဲ့ တည်ရှိမှု ဟာ ပိုမို ခိုင်မာပြီး လုပ်ပိုင်ခွင့် တွေ လည်း ပိုမို ကျယ်
ပြန့်လာတယ် လို့ ကော်မရှင် ရဲ့ ဒုဥက္ကဌ ဦးစစ်မြိုင် က ဘီဘီစီ ကို ပြောပါတယ်။
ကော်မရှင် ရဲ့ အသုံးစားရိတ် ကို အစိုးရက ထောက်ပံ့မှာ ဖြစ်ပေမယ့်၊ နိုင်ငံတကာ ရဲ့ စံညွှန်းစံထားဖြစ်တဲ့ ပါရီ မူဝါဒ Paris Principles တွေ အရ၊ အမျိုးသား ကော်မရှင် အနေနဲ့ လူ့အခွင့်အရေး ကာကွယ်ရေးနဲ့ မြှင့်တင်
ရေး တို့မှာ အစိုးရရဲ့ စွက်ဖက်မှု မရှိပဲ လွတ်လပ်စွာ ဆောင်ရွက် သွားရမှာ ဖြစ်ကြောင်း လည်း ဦးစစ်မြိုင်က ဆိုပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မှတ်ချက်များ