ဓမ္မစေတီခေါင်းလောင်းကို ဦးဆောင်ရှာဖွေခဲ့သည့် မြေပုံဦးစံလင်းမှ ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီဟု သတင်းထုတ်ပြန်ချက် ထုတ်ခဲ့ခြင်းမှာ ပြည်သူအားလုံးကို လိမ်ခဲ့တာလို့ ခေါင်းလောင်းရှာဖွေရာမှာ အလှူ
ငွေမတည် ပါဝင်ခဲ့တဲ့ ရွှေအုန်းပင်ဦးဝင်းမြင့်က ပဲခူးမြို့၊ရန်ကုန်-မန္တလေးကားလမ်းမဘေး၊ရပ်ကွက်ကြီး(၉)၊ ရွှေအုန်းပင်ထမင်းဆိုင် အပေါ်ထပ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
သြဂုတ်လ ၂၆ရက်နေ့က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဦးစံလင်းက ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာတွေ့ထားပြီး အကြီးဆုံးရွှေရောင်နဂါးမင်းက ဆီမီးပူဇော်နေတာကြောင့် ထုတ်ပြန်ဖို့ ကြန့်ကြာနေကြောင်း ထည့်သွင်းရေးထားတာဟာ ဦးစံလင်းတစ်ဦးတည်းရဲ့ သဘောနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပြီး လိမ်လည်မှု သက် သက်သာဖြစ်တယ်လို့ ဦးဝင်းမြင့်က ယင်းသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
သြဂုတ်လ ၂၅ရက်နေ့ ည ၂ချက်ထိုးလောက်မှာ ဦးစံလင်းက ၎င်းကို နိုးခဲ့ပြီး မြစ်သုံးခုဆုံတဲ့နေရာမှာ ခေါင်းလောင်းကို ရွှေရောင်နဂါးမင်းဆီမီးပူဇော်နေတာ မြင်လားလို့ မေးခဲ့ပြီး ၎င်းကမမြင်ကြောင်းပြောရာမှာ ဦးဝင်းမြင့် သီလသမာဓိနည်းနေတယ်၊ ပဌာန်းဆက်မရှိဘူးလို့ ပြန်ပြောခဲ့တယ်လို့ ဦးဝင်းမြင့်က ပြောပါ တယ်။
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် အလှူငွေပေးအပ်ပွဲကို ပဲခူးမြို့ ရွှေမော်ဓောဘုရားပေါ်တွင် ကျင်းပခဲ့ရာ အလှူငွေကိုယ်စားလာရောက်လှူဒါန်းသူ အမျိုးသမီးတစ်ဦးကို နဂါးဝင်ပူးကပ်ခြင်းရှိခဲ့ပြီး လှည်းကူးမြို့တွင် လည်း အမျိုးသမီကြီးတစ်ဦးအား နဂါးဝင်ပူးခဲ့သည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။
ကိုသန့် စင် | THIT HTOO LWIN

မှတ်ချက်များ