“အဆောင်ရှေ့ကို ရဲကားနှစ်စီး ရောက်လာပြီး ဘောလုံး ကစားသမားတွေကို လက်ထိပ်ခတ် ဖမ်းတာ။ ဘောလုံးသ မားတွေက လက်ထိပ်မခတ်ပါနဲ့ စခန်းလိုက် ဖြေရှင်းပါ့မယ် ပြောမှ လက်ထိပ်တွေ ပြန်ဖြုတ်ပေးတယ်။ ဘောလုံးသမားတွေ Camp ထားတဲ့ နေရာမှာ အသင်းတာဝန်ရှိ သူတွေကို သတင်းပေးပြီး ပြေလည်အောင် ဖြေရှင်းသင့်တဲ့ ကိစ္စကို ရဲတပ်ဖွဲ့ရဲ့ ပြုမှုဆက်ဆံပုံက အသင်း ဂုဏ်သိက္ခာပါ ထိခိုက်စေတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ မင်္ဂလာတောင်ညွန့်မြို့နယ် ဒုဥက္ကဋ္ဌ ဒေါ်အောင်အောင်မြင့်မှာ ယင်းနေ့ ည ၈ နာရီခန့်က သျှင်ပါဂူဆေးခန်းသို့ လာစဉ် ယာဉ်ရပ်နားရန် နေရာမရှိသဖြင့် ဖိုးစိန်လမ်း၊ ရတနာပုံဘောလုံ အသင်း အဆောင်ရှေ့တွင် ကားရပ်နားရာမှ ဘောလုံးကစားသမားများနှင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ယင်းကြောင့် တာမွေ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးကာ အဆောင်အတွင်း ဝင်ရောက်၍ ကစားသမားများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရှိရသည်။
“ဆေးခန်းလာတာ ကားရပ်စရာ နေရာမရှိလို့ အရင် ဝင်းသူဇာ ဆိုင်ဟောင်းရှေ့မှာ ကားခဏ ရပ်တာကို မရပ်ရဘူးဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း ထွက်ပြောတယ်။ သူတို့ လူအုပ်အဖွဲ့က ဘောင်းဘီချွတ်ပြီး ဆဲတဲ့သူကဆဲ တယ်။ ကားထားရဲ ထားကြည့် မီးရှို့ပစ်မယ်လို့ ကြိမ်းမောင်းလို့ လှည့်ကင်းရဲတွေကို အကူအညီ တောင်း ခဲ့တာ” ဟု ဒေါ်အောင်အောင်မြင့်က ပြောကြားသည်။
ဒေါ်အောင်အောင်မြင့်က တာမွေ မြို့မရဲစန်းသို့ သွားရောက်ကာ တိုင်ကြားမှုကြောင့် မြို့မရဲစခန်းမှူး၊ နယ် ထိန်းတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတို့မှ အဖွဲ့ဝင်များက ယာဉ်နှစ်စီးဖြင့် ရတနာပုံယူနိုက်တတ်အ သင်း အဆောင်သို့ သွားရောက်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း တာမွေ မြို့မရဲစ ခန်း ထံမှ သိရှိရသည်။
“ပြဿနာ ဆက်မဖြစ်အောင် ရဲတပ်ဖွဲ့က ထိန်းသိမ်းပေးခဲ့တာပါ။ စခန်းခေါ်တာ မလိုက်လို့ လက်ထိပ်ခတ် ဖမ်းခေါ်မယ်ဆိုပြီး ခြောက်လှန့်ရုံ လုပ်ခဲ့တာပါ။ အင်အားသုံး ဝင်စီးတာ မဟုတ်ပါဘူး” ဟု အဆိုပါ ရဲစခန်းမှ ရဲအရာရှိက ပြောဆိုသည်။
“အသင်းပိုင် ကားကြီး ရပ်တဲ့နေရာမှာ သူတို့ကားက လာရပ်တာ၊ ကားပြန်လာတော့မှာမို့ ရပ်လို့မရဘူး ဆိုတာကို ပြေပြေလည်လည် ပြောပြတာ ဒါကို ကားပေါ်က အမျိုးသမီးက ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဆဲဆိုတယ်။ ပြီးတော့ လှည့်ကင်းရဲတွေကို ခေါ်ပြီး ဖမ်းခိုင်းတယ်။ ရဲတွေကို ဘေးကလူတွေက ဒီအမျိုးသမီး ရိုင်းနေတာ ကို ဝင်ပြောလို့ မဖမ်းဘဲ ပြန်သွားတာ။ သိပ်မကြာဘူး ရဲကားနှစ်စီး ရောက်လာပြီး ကျွန်တော်တို့ကို လက် ထိပ်ခတ် ဝင်ဖမ်းခံရတာ” ဟု ရတနာပုံယူနိုက်တက် ဘောလုံးအသင်းမှ ကစားသမား သက်နိုင်က ရှင်းပြ သည်။
အဆိုပါ ပြဿနာ ဖြစ်ပွားခဲ့မှုမှ ဘောလုံးကစားသမားများ ဖြစ်သော သက်နိုင်၊ ပြည့်လျှံအောင်၊ ဇော်ရဲထွန်း သုံးဦးကို ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးစဉ် အသင်းမှ တာဝန်ရှိသူများ လာရောက်ကာ ပြေလည်အောင် ဖြေရှင်းပေးခဲ့သော်လည်း ဒေါ်အောင်အောင်မြင့်ဘက်မှ စက်တင်ဘာလ ၂၄ ရက်နေ့က ထပ်မံတိုင်ကြား မှုကြောင့် တာမွေ မြို့မရဲစခန်းမှ (ပ) ၅၆၈/ ၁၄၊ ပုဒ်မ ၂၉၄/ ၅၀၉/ ၅၀၆/ ၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းလျက် ရှိကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။
“စားသောက်ဆိုင်တို့ ကလပ်တို့မှာ ဖြစ်ခဲ့ရင် ဘောလုံးကစားသမားတွေဘက်က အမှားလို့ ပြောနိုင်ပါတယ်။ အခုဟာက ကိုယ့်အဆောင်မှာ နေနေတဲ့ ကစားသမားတွေကို အဆောင်ရှေ့ ကားရပ်တဲ့ကိစ္စနဲ့ စကားများ ရာက ဆဲဆိုပြောတာကို ခံရတဲ့အပြင် အဖမ်းပါ ခံခဲ့ရတယ်။ ပြဿာနာ ဆက်မဖြစ်အောင် အသင်းတာဝန် ရှိသူတွေက အဲဒီညက ဝင်ညိုနှိုင်း ဖြေရှင်းပေးခဲ့တယ်။ ဒါကို သူတို့ဘက်က ထပ်ပြီး အမှုဖွင့် တိုင်ကြားလာ တာကြောင့် အသင်းပိုင်ရှင်ကို တင်ပြပြီးမှ အထက်ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမယ်” ဟု အသင်းနည်းပြချုပ် ဦးခင်မောင်တင့်က ပြောကြားသည်။
The Voice

မှတ်ချက်များ