![]() |
| သေဆုံးသွားသောဆရာမတစ်ဦး၏ မိသားစုဝင်အချို့ ၀မ်းနည်းစွာငိုကြွေးနေစဉ် (ဓာတ်ပုံ − ခွန်လတ်/အေပီ) |
‘‘အခုကိစ္စက လူမျိုးရေးကို သာမက ဘာသာရေးကိုပါစော် ကားတယ်လို့မြင်တယ်။ ဒါကြောင့်ပါဝင်သင့်တယ် လို့ယူဆပြီးလာ တာ’’ဟု မြစ်ကြီးနားဒေသခံ ကိုဒီး လာက နာရေးလိုက်ပို့ခြင်း၏ အကြောင်းရင်းကိုပြော သည်။
စေတနာ့ဝန်ထမ်း ဆရာမ နှစ်ဦး၏နာရေးသို့ အမျိုးသမီးများ၊ လူငယ်များ အများဆုံးလိုက်ပါပို့ ဆောင်ခဲ့ကြ ပြီး မြစ်ကြီးနားသာမ က အနီးဝန်းကျင်ဒေသများမှ လည်းလာရောက်ခဲ့ကြောင်း သတင်းရရှိ သည်။ နာရေးနှင့် ဆုတောင်းပွဲသို့ တက်ရောက်သူဦးရေကို မြို့ခံ အချို့က နှစ်သောင်းခွဲဟုဆိုပြီး အချို့ကမူ သုံးသောင်းအထိ ရှိ ကြောင်းပြောသည်။
ဆရာမနှစ်ဦး၏ ရုပ်အလောင်းကို ဇန်န၀ါရီ ၂၂ ရက်က မူဆယ်မြို့မှ ကချင်နှစ်ခြင်း အသင်းတော် (KBC) က ဦးစီးသယ်ဆောင်လာခဲ့ပြီး မြစ်ကြီးနားမြို့သို့ ဇန်န၀ါရီ ၂၃ရက် နံနက် ၁၀ နာရီကျော်တွင် ရောက်ရှိခဲ့ သည်။ ဆရာမများ၏ ရုပ်အ လောင်းကို ဒေသခံသောင်းနှင့်ချီ စောင့်ဆိုင်းကြိုဆိုခဲ့ကြသည်။
ယင်းနောက် ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းများအပါအ ၀င် ပြည်သူနှစ်သောင်းကျော်က KBC ရုံးအနီးမှ စတင်၍ ရုပ် အလောင်းများ သယ်ဆောင်ကာ မြို့ကိုပတ်၍ လမ်းလျှောက်ခဲ့ကြ ကြောင်းပါဝင်သူများကပြော သည်။ထို့နောက်ဆရာမများ၏ ရုပ် အလောင်းကို နောင်နန်းကျေးရွာ KBC ကျမ်းစာသင်ကျောင်းရှိ အေဒီ ၂၀၀၀ ဂျူဗလီဟောသို့ ကားအစီးရေ ၆၀၀ ခန့်ဖြင့်လိုက်ပါပို့ ဆောင်ခဲ့ပြီး ဆုတောင်းဝတ်ပြု အခမ်းအနားပြု လုပ်ခဲ့သည်။
လမ်းတစ်လျှောက်တွင် အမှုမှန် ဖော် ထုတ်ပေးရန် လူငယ်အချို့က ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့ သည်။ မြန် မာနိုင်ငံခရစ်ယာန် အ သင်းချုပ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIO)၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းအပါအ၀င် အဖွဲ့အစည်း အသီးသီးမှလည်း ၀မ်းနည်း
ကြောင်း သ၀ဏ်လွှာများ ပေးပို့ ဖတ်ကြားခဲ့ကြသည်။
‘‘ဥပဒေစိုးမိုးတဲ့ မြန်မာပြည် ဖြစ်ခဲ့ရင် အမှုမှန်က ချက်ချင်းပေါ် မယ်။ ဥပဒေစိုးမိုးမှုမရှိရင် တရား ခံပေါ်ဖို့ မ လွယ်ပါဘူး’’ဟု KBC အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က နာရေး တွင်ပြောခဲ့သည်။
ယင်းနောက် စေတနာ့ဝန် ထမ်းဆရာမ နှစ်ဦး၏ ရုပ်အ လောင်းများကို ဇန်န၀ါရီ ၂၃ ရက် ညနေ ၅ နာရီခွဲခန့် တွင် နောင်နန်း ခရစ်ယာန်သင်္ချိုင်း၌ သင်္ဂြိုဟ်ခဲ့ သည်။
အောင်ခိုင် | 7day


မှတ်ချက်များ