၂၀၁၄ ကမ္ဘာ့ထိပ်တန်း ဂိုးသွင်းသူစာရင်းအဆင့်(၇)ချိတ်ခဲ့ခြင်းအိပ်မက်ပင်မမက်ခဲ့ဖူးကြောင်း ကျော်ကိုကိုဆို
နိုင်ငံတကာဘောလုံးသ မိုင်းနှင့် စာရင်းအချက်အလက်အ ဖွဲ့(IFFHS)က ထုတ်ပြန်လိုက် သည့် ၂၀၁၄၏ ထိပ်တန်းဂိုးသွင်း သူများစာရင်းတွင် အဆင့် (၇)နေရာ ရရှိခဲ့သည့် ကျော်ကိုကိုက ထိုသို့ အသိအမှတ်ပြုခံရ ရန် အိပ်မက်ပင် မမက်ခဲ့ဖူးကြောင်း ပြောကြားသည်။
‘‘ဒီအဆင့်ရောက်ဖို့အတွက် ကြိုးစားခဲ့တာမဟုတ်ဘူး။ ဒီလိုမျိုးအဆင့်ရမယ်လို့လည်း အိပ်မက်တောင်မမက်ခဲ့ ဘူး။ ဒါပေမဲ့ ဒီလိုမျိုး ကိုယ်ကြိုးစားတဲ့အပေါ်မှာ ကမ္ဘာ့အဆင့်ထိရောက်ခဲ့တယ်ဆိုတော့ အတိုင်းမသိဝမ်း သာခဲ့ရပါတယ်။ ကမ္ဘာ့အဆင့်မပြောနဲ့ အာရှအဆင့်၊ အာဆီယံ အဆင့်မှာတောင် ကျွန်တော်တို့ လိဂ်ပြိုင်ပွဲ က အနိမ့်ဆုံးဖြစ်နေတော့ မျှော်မှန်းခဲ့ခြင်းမရှိဘူး’’ဟု ကျော်ကိုကိုကပြောသည်။
ရန်ကုန်ယူနိုက်တက်တိုက် စစ်မှူးကျော်ကိုကိုသည် ပဏာမ ယူ-၂၃လက်ရွေးစင်အသင်းတွင် ပြန်လည်ရွေး ချယ်ခြင်းခံထားရပြီး ၎င်း၏ အသက် (၂၃)နှစ်ပြည့် ခဲ့သည်မှာ တစ်လကျော်နေပြီဖြစ် သော်လည်း လာမည့် ဆီးဂိမ်းတွင် ပါဝင်ခွင့်ရရှိပါက လူငယ်ကစား မားများနှင့် တွဲဖက်ကာအကောင်း ဆုံးကြိုစားသွားမည်ဖြစ်
ကြောင်း ၎င်းကဆိုသည်။
‘‘ကျွန်တော့်အသက်(၂၃)နှစ် ပြည့်ပြီးသွားပြီ။ ဆီးဂိမ်းပါခွင့်ရ၊ မရတော့မသိဘူး။ ကျွန်တော်က တော့ ဘယ်နေရာရောက်ရောက် ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ် အောင်လုပ်တယ်။ နည်းပြပြောတဲ့ အတိုင်း လိုက်နာတယ်။ ဆီးဂိမ်း မှာပါဝင်ခွင့်ရရင်လည်း စည်းစည်း လုံးလုံးနဲ့ အောင်မြင်မှုရရှိဖို့အ တွက်ပဲ အဓိက ကြိုးစားမယ်’’ဟု ကျော်ကိုကိုကပြောသည်။
IFFHS၏ အမှတ်ပေးတွက် ချက်ပုံအရ ကျော်ကိုကိုသည် မန် ချက်စတာယူနိုက်တက်တိုက်စစ် မှူးဗန်ပါစီ၊ ရီးရဲလ်မက်ဒရစ်က စားသမားများဖြစ်သည့် ဂါရတ် ဘေးလ်နှင့် ဂျိမ်းရိုဒရီဂွတ်တို့ အ ထက်တွင် ရပ်တည်နေ သည်။ အဆိုပါအဖွဲ့စည်း၏ အမှတ်ပေး မှုပုံစံမှာ သက်ဆိုင်ရာကလပ်အ သင်းအတွက် ပြည်တွင်းလိဂ်၌ သွင်းဂိုးများကို ထည့်သွင်းတွက် ချက်ခြင်းမပြုဘဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အသိအမှတ်ပြုနိုင်ငံအ သင်းပြိုင်ပွဲများနှင့်ဒေသ အလိုက်ဘောလုံးအဖွဲ့ချုပ်များက ကျင်းပသည့် ပြိုင်ပွဲများမှ သွင်းဂိုး များကိုသာ အမှတ်ပေးတွက်ချက် ခြင်းဖြစ်သည်။
ချစ်ဝိုင်း | 7day


မှတ်ချက်များ