ဓားစာခံ ၂ ဦးကို ဖမ်းထားသည့် အကြမ်းဖက်အဖွဲ့နှင့် အဆက်သွယ်မရဟု ဂျပန်အစိုးရပြော


ဂျပန်ဓားစာခံ ၂ ဦးအတွက် နောက်ဆုံး ပေးထားတဲ့ သတ်မှတ်ချိန် ပြည့်ပြီး ပြန်ပေး ဆွဲထားတဲ့ အိုင်အက်စ် အဖွဲ့နဲ့ ဆက်သွယ်ဖို့ ကြိုးစား ပေမယ့် မရဘူးလို့ ဂျပန်အစိုးရပြောခွင့်ရနဲ့ အစိုးရ အဖွဲ့ အတွင်းဝန်ချုပ် ယိုရှိဟိ ဒဲ ဆုငက ဇန်န၀ါရီလ ၂၃ ရက်နေ့ ညနေပိုင်းသတင်းစာ ရှင်းလင်းပွဲမှာ ရှင်းပြပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်အုပ်စုဟာ ဇန်န၀ါရီ ၂၀ ရက်နေ့က ဂျပန်နိုင်ငံသား ဓားစာခံ ၂ ဦးကို ပြပြီး အမေရိကန်ဒေါ်လာ သန်း ၂၀၀ မရရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ရုပ်သံ ကို အင်တာနက်ပေါ်တင်ခဲ့တာ ဇန်န၀ါရီ ၂၃ ရက် ဂျပန်စံတော်ချိန် နေ့လယ် ၃ နာရီမှာ အချိန်ပြည့်သွား ပြီ
ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ဆုံးအချိန်ထိ အိုင်အက်စ်အဖွဲ့နဲ့ ဆက်သွယ်ဖို့ နည်းလမ်းစုံအစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ပြန် လည်ဆက်သွယ်လာခြင်းမရှိခဲ့ဘူးလို့ ပြောခွင့်ရက ဆိုပါတယ်။

ပြန်ပေးတွေ တောင်းထားတဲ့ငွေကို ပေးတယ်မပေးဘူးဆိုတဲ့ ကိစ္စတွေကိုတော့ အတိအကျ ဖြေကြားခြင်း မရှိခဲ့ပါဘူး။ဂျပန်အစိုးရ ၀က်ဘ်ဆိုဒ်မှာတော့ ဂျပန်နိုင်ငံအနေနဲ့ အကူအညီပေးမယ့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဟာ စစ်ဘက်ဆိုင်ရာထောက်ပံ့မှုအတွက် မဟုတ်ဘဲ ဒုက္ခသည်တွေကို ကူညီဖို့ လူသားချင်းစာ နာတဲ့ အထောက်အပံ့ဖြစ်ကြောင်းလည်း အာရေဗီးယားဘာသာစကားနဲ့ တင်ထားတာ တွေ့ရပါတယ်။

သတင်းထောက် ခန်ဂျီဂိုတိုစံ၏ မိခင်
ဓားစာခံဂျပန်နိုင်ငံသား၂ ဦးထဲက သတင်းထောက်ခန်ဂျီဂို တိုစံရဲ့ မိခင်ဖြစ်သူက တိုကျိုမြို့ နိုင်ငံခြားသတင်းထောက် ကလပ်မှာ သတ်မှတ်ချိန်မတိုင်မီ ၅ နာရီအလို ဇန်န၀ါရီ ၂၃ ရက် မနက် ၉ နာရီခွဲမှာ သတင်းစာရှင်း လင်းပွဲတခုပြုလုပ်ခဲ့ ပါတယ်။

“သားဖြစ်သူ ခန်ဂျီဟာ အစ္စလာမ္မစ်နိုင်ငံတော် အဖွဲ့ရဲ့ရန် သူ မဟုတ်ပါဘူး/ ၁၄ ရက်သား သမီးငယ်တယောက်ရဲ့ ဖခင်၊ ကလေးတွေကိုကြင်နာတတ်သူ အကူအညီပေးချင် တဦးပါ” လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်သတင်းထောက် ကလပ်ကလည်း ဂျပန်နိုင်ငံသား ၂ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အစ္စလာမ္မစ်နိုင်ငံ
တော်အဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။

ဂျပန်အစိုးရအနေနဲ့လည်း နိုင်ငံသား ၂ ဦး ဘေးကင်းစွာ လွတ်မြောက်ရေးအတွက် နည်းလမ်းပေါင်းစုံရှာ
ဖွေပြီး သံတမန်နည်းအရ ဖြေရှင်းသင့်တယ်လို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

ဂျပန်သတင်းဌာနတွေကတော့ အရင်နှစ်က ပြင်သစ်နိုင်ငံသားဓားစာခံတွေ လွတ်မြောက်လာခဲ့ဘူးတဲ့ တူရ ကီနိုင်ငံနယ်စပ်မှာ ပြန်လည်လွတ်မြောက်လားမလားလို့ ကင်မရာတွေ အသင့်ပြင်ရင်း စောင့်မျှော်နေကြပါ တယ်။

DVB

မှတ်ချက်များ