ဘန်ဂါဇီမြို့ရှိ ဗဟိုဘဏ်၏ ဘဏ်ခွဲတစ်ခုကို စစ်သွေးကြွများ သိမ်းပိုက်


လစ်ဗျားနိုင်ငံရှိ ISIS စစ်သွေးကြွ များသည် ဘန်ဂါဇီမြို့ အရှေ့ပိုင်းရှိ နိုင်ငံတော် ဗဟိုဘဏ်၏ ဘဏ်ခွဲ တစ် ခုကို ဇန်န၀ါရီ ၂၂ ရက်က သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ISIS စစ်သွေးကြွ များသည် အဆိုပါ ဘဏ်ခွဲကို သိမ်းယူပြီးနောက် ဘဏ်အတွင်းရှိ အရန်ဘဏ္ဍာငွေ အမေ ရိကန် ဒေါ်လာ ဘီလီယံ ၁ဝဝ နီးပါးကိုလည်း သိမ်းယူ ခဲ့ကြောင်း စစ်သွေးကြွ တစ်ဦး၏ အွန်လိုင်းပေါ်တွင် အခိုင်အမာ ပြောကြားချက်ကို ကိုးကား၍ နယူးယောက်တိုင်းမ် သတင်းစာတွင် ရေးသား ဖော်ပြထားသည်။

အဆိုပါ သိမ်းယူမှုကို လက်နက်ကိုင် စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဘဏ်မှ တာဝန်ရှိ သူများက အတည်ပြု ပြောကြား ခဲ့သည်။ ယင်းကဲ့သို့ သိမ်းယူမှု အပေါ် ကုလသမဂ္ဂ ကလည်း ပြစ် တင် ဝေဖန်ခဲ့ပြီး သိမ်းယူမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်ရန် လစ်ဗျား အစိုးရကို ကုလ သမဂ္ဂက တောင်းဆို ထားကြောင်း သိရသည်။

အဆိုပါ သိမ်းယူမှုသည် နိုင်ငံအတွင်း ပဋိပက္ခများ ဖြစ်ပွားလျက် ရှိသော နိုင်ငံရေး ပါတီများ အကြား ဆွေး
နွေးမှု ကိုပိုမို ရှုပ်ထွေး စေခဲ့သည်။

လစ်ဗျားနိုင်ငံတွင် နိုင်ငံကို အုပ်ချုပ်ရန် ယှဉ်ပြိုင် နေသော ပြိုင်ဘက် အစိုးရ အဖွဲ့ နှစ်ဖွဲ့ရှိပြီး နိုင်ငံတကာ အသိအမှတ်ပြု ထားသော အစိုးရ အဖွဲ့သည် ဘေဒါမြို့နှင့် တူဘရပ်ခ် မြို့ကို အုပ်ချုပ်လျက် ရှိကြောင်း၊ အခြား အစိုးရ အဖွဲ့မှာ ထရီပိုလီမြို့ ကို သိမ်းပိုက် ထားကြောင်း သိရသည်။

PyiChitThar

မှတ်ချက်များ