ဒုသမ္မတတက်ရောက်သည့် အခမ်းအနားတွင် တောင်သူတစ်ဦး နှလုံးရောဂါဖြင့် သေဆုံး
ဒုတိယသမ္မတဦးဉာဏ်ထွန်း တက်ရောက်ခဲ့သော ချောင်းဦးမြို့ အားကစားကွင်းတွင် ဇန်န ၀ါရီ ၂၃ ရက် နံနက်က ပြုလုပ်ခဲ့ သည့် ကျေးလက်ဖွံ့ဖြိုးရေးအ ခမ်းအနားသို့ တက်ရောက်ခဲ့သူ တောင်သူတစ်ဦးသည် အခမ်းအ နားမစတင်မီ နှလုံးနှင့်ပတ်သက် သောရောဂါခံစားရပြီး သေဆုံးသွားခဲ့ ကြောင်း သတင်းရရှိ သည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်လာ သော အ ရာတော်မြို့နယ် ငွေတွင်းကျေးရွာနေ ခိုင်မာသမ၀ါယမအ သင်းသား အသက် (၆၅) နှစ် အရွယ် ဦးသိန်း
ဆောင်ဖြစ်ပြီး အခမ်းအနားတက်နိုင်ရန် မိုင်၃၀ ကျော်ကွာဝေးသည့်ခရီးမှ လိုက်ထရပ်ကားဖြင့် နံနက် ၃ နာရီကတည်းက လာရောက်ခဲ့ရ သဖြင့် ခရီးပန်းကာနှလုံးနှင့် ပတ် သက်သော ရောဂါဝေဒနာခံစား ခဲ့ရပြီး
သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဆေးဝါးကုသပေးခဲ့သည့် ချောင်းဦးမြို့နယ် ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာ တင့်ဆွေက ပြော သည်။
‘‘နှလုံးကြွက်သား မကောင်း တဲ့ ရောဂါလက္ခဏာပါ။ ရင်ခွဲစစ် ဆေးပြီးရင် တိတိကျကျ ပြောလို့ ရမယ်’’ဟု ၎င်းက အတည်ပြုပြော ကြားခဲ့သည်။
ဦးသိန်းဆောင်သည် နေထိုင်ရာ နေရာမှ ခရီးစတင်ထွက် ခွာလာစဉ်ကတည်းကပင် ကျန်းမာရေးမကောင်း ဘဲ ကားပေါ်မှ အဆင်းတွင် ပျို့အန်ခဲ့ပြီး အခမ်းအနားသို့ ရောက်ရှိနေရာယူပြီး ချိန်၌ ရင်ဘတ်အောင့်ပြီး
ခေါင်းမူးသည်ဟုဆိုကာ ခြေဖျား လက်ဖျားအေးစက်လာသဖြင့် ချောင်းဦးမြို့နယ် ဆေးရုံသို့ ပို့ဆောင်၍
ဆေးကုသခဲ့သော်လည်း ဆေး ရုံသို့ရောက်ပြီး ၁၀ မိနစ် အကြာ မှာပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
မျိုးမင်းဦး ၊ သန်းဌေး | 7day

မှတ်ချက်များ