ဟော်မုန်းပါသော သန္ဓေတားဆေးများကြောင့် ဦးနှောက်အကျိတ်ဖြစ်နိုင်သည့် အန္တရာယ်ရှိ
ဟော်မုန်းပါသော သန္ဓေတားဆေးများကို အနည်းဆုံး ငါးနှစ်အထိ သုံးစွဲသော အမျိုးသမီးငယ်များတွင် ရှားပါးသည့် ဦးနှောက်အကျိတ် တစ်မျိုးဖြစ်လာနိုင်သည့် အန္တရာယ်ပိုများလာနိုင်ကြောင်း လေ့လာမှု အသစ် တစ်ခုက ဖော်ပြသည်။
သောက်ဆေးများ အပါအ၀င် ဟော်မုန်းပါသော တားဆေးများ တွင် အမျိုးသမီးလိင်ဟော်မုန်းများပါဝင်ပြီး ကမ္ဘာတစ်ဝန်း အမျိုး သမီးများစွာ အသုံးပြုနေကြသည်။ ဂလီယိုမာဟုခေါ်သော အကျိတ် နှင့် အခြားဦး
နှောက်အကျိတ်များ ဖြစ်ပွားရခြင်းအကြောင်းရင်းများကို သိရှိမှု နည်းသော်လည်း အမျိုးသမီးလိင်ဟော်မုန်း များကြောင့်ကင်ဆာရောဂါပုံစံအချို့ ဖြစ်နိုင်သည့် အန္တရာယ်ပိုများလာနိုင် ကြောင်း အထောက်အထားအချို့ ရှိသည်။
ကိုယ်ဝန်ဆောင်သော အသက်အရွယ်ရှိသည့် အမျိုးသမီးများ တွင် ဟော်မုန်းပါသော သန္ဓေတားဆေးသုံးသူ များ အပါအ၀င် လူတစ်သိန်းလျှင် ငါးဦးမှာ ဂလီယိုမာဟုခေါ်သော ဦးနှောက်အကျိတ် ရောဂါနှစ်စဉ်ဖြစ်ပွား မှုရှိကြောင်း စာရင်းဇယားများအရ သိရသည် ဟု ဒိန်းမတ်နိုင်ငံ အိုဒန်ဆီဆေးတက္ကသိုလ်မှ သုတေသီဒေး ဗစ်ဂိတ်စ် က ပြောသည်။
အမျိုးသမီးများအတွက် အကောင်းဆုံး သန္ဓေတားနည်း ရွေး ချယ်ရာတွင် အထောက်အကူဖြစ်စေရန် သန္ဓေ တားဆေးရေရှည် အသုံးပြုမှုကို ဆက်လက်လေ့လာစိစစ်ရန် အရေးကြီးကြောင်း သုတေသီများက ပြော သည်။
ယခုလေ့လာမှုတွင် အသက် (၁၅)နှစ်မှ (၄၉)နှစ်အထိ အ မျိုးသမီးများကို လေ့လာခဲ့ခြင်းဖြစ်ပြီး ၂၀၀၀ ပြည့်
နှစ်နှင့် ၂၀၀၉ ခုနှစ်ကြား ဦးနှောက်အကျိတ်ဖြစ်ပေါ်မှုများကို စစ်ဆေးခဲ့သည်။
ယင်းကဲ့သို့ ဦးနှောက်အကျိတ်ဖြစ်ပေါ်သူ ၃၁၇ ဦးကို သုတေသီ များ စစ်ဆေးတွေ့ရှိခဲ့ပြီး အသက်အရွယ်တူ သူများ၊ ဟော်မုန်းပါသော သန္ဓေတားဆေးသုံးသူများ စသည်ဖြင့် ခွဲခြား၍ နှိုင်းယှဉ်လေ့လာခဲ့ခြင်း ဖြစ်သည်။
ယခုလေ့လာမှုကို ဗြိတိန်ဂျာနယ် Clinical Pharmacology တွင် ဖော်ပြထားသည်။
7day

မှတ်ချက်များ