တရုတ်နိုင်ငံသားများတရားမ၀င် ဆေးခန်းဖွင့်လှစ်ခဲ့သည့် တော်ဝင်နှင်းဆီပုဂ္ဂလိကဆေးရုံကို ပိတ်သိမ်းရန်ညွှန်ကြား
တရုတ်နိုင်ငံသားများ တရားမ၀င်ဆေးခန်းဖွင့်လှစ်မှုဖြင့် အမှုဖွင့်ခံထားရသည့် မန္တလေးမြို့ တော်ဝင်နှင်း ဆီပုဂ္ဂလိကဆေး ရုံကို ကျန်းမာရေးဝန်ကြီးဌာနက ပိတ်သိမ်းရန် ညွှန်ကြားလိုက် ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ချမ်းအေးသာစံမြို့နယ် ဘူ တာကြီးအနီးရှိ တော်ဝင်နှင်းဆီ ဆေးရုံ သုံးလွှာတွင် တရုတ်နိုင်ငံ သားများက Health News ဆေး ခန်းကို တရားမ၀င်ဖွင့်လှစ်ကာ ဆေးဝါးကုသခဲ့မှုနှင့် ပတ်သက်၍ ဆေးရုံပိုင်ရှင်နှင့် တရုတ်နိုင်ငံသားများကို အမှုဖွင့်ခဲ့ပြီးနောက် ရက် ၂၀ ခန့်အကြာတွင် တော်ဝင်နှင်း ဆီဆေးရုံကို စတင်ပိတ် သိမ်း လိုက်သည်ဟု ဆိုသည်။ လက်ရှိတွင် ဆေးရုံဆိုင်းဘုတ်များကို ဖြုတ်သိမ်းထားသည်။
‘‘လောလောဆယ် ဆေးရုံက တော့ သူတို့အပေါ်က ညွှန်ကြား ချက်အရ ဆေးရုံက ပိတ်ထား တယ်။ ဘယ်နေ့ကစပိတ်တယ်ဆို တာတော့ အတိအကျတော့ မသိ တော့ဘူးဗျ။ ကျန်းမာရေးက လုပ်တာဆို
တော့လေ။ ဆေးရုံကို ပိတ်တော့ပိတ်ထားတယ်’’ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး စိန် ထွန်းက ပြော သည်။
တော်ဝင်နှင်းဆီဆေးရုံပိုင် ရှင်မှာ နာမည်ကျော်စီးပွားရေး လုပ်ငန်းရှင် ဂရိတ်ဝေါဦးတင် မောင်ဖြစ်သည်။
တော်ဝင်နှင်းဆီ ဆေးရုံ သုံးလွှာတွင် Health News ဆေးခန်းဖွင့်လှစ်ကုသမှုနှင့် ပတ် သက်၍ သက် ဆိုင်ရာ၏ ခွင့်ပြု ချက်မရှိဘဲ ဆရာဝန်၊ သူနာပြုများအဖြစ် ဆေးဝါးကုသခဲ့သည့် တရုတ်နိုင်ငံသား ခြောက်ဦး
နှင့် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလိုင်စင်လွှဲ ပြောင်းငှားရမ်းခဲ့သည့် ဆေးရုံပိုင် ရှင် ဦးတင်မောင်နှင့် ဒေါ်နန်းလှ စိန်တို့ကို ဇန်န၀ါရီ ၁ ရက်မှစတင် ကာ မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် အမှတ် (၈) ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန် ထားသည်။
သို့သော် ရက် ၂၀ ကျော် ကြာချိန်အထိ အမှုဖွင့်ခံရသူများ တိမ်းရှောင်နေသဖြင့် တရားစွဲဆို နိုင်ခြင်းမရှိသေး ဘဲ အမှုတည် ဆောက်ဆဲအဆင့်သာရှိသေး သည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြော သည်။ တရုတ်နိုင်ငံသားများမှာ စတင်အ မှုဖွင့်စဉ်ကတည်းက မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာသွားခဲ့ကြ ပြီး ဆေးရုံပိုင်ရှင်များမှာလည်း စင်ကာပူသို့ သွားရောက်ဆေးဝါးကုသမှု ခံယူနေသည့်အတွက် တရားစွဲဆို စစ်ဆေးနိုင်ခြင်းမရှိသေးဘဲ ဖြစ် နေသည်ဟု ဆိုသည်။
လက်ရှိအချိန်တွင် တော်ဝင် နှင်းဆီဆေးရုံပိုင်ရှင် ဦးတင်မောင် က ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ရဲစခန်းသို့ အသ နားခံစာတင်ပြထားပြီး ၎င်း၏ ဆေး ရုံတွင် ဆေးခန်းဖွင့်ခွင့်ပြုခဲ့ခြင်းမှာ သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်နှင့်အညီ ဆေးခန်းဖွင့်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း တင်ပြထားသည်ဟု ဒု-ရဲမှူးကြီး စိန်ထွန်းက ပြော သည်။
အသနားခံတင်ပြရာတွင် ပါ ၀င်သော အထောက်အထားများ မှန်ကန်ပါက ဆေးရုံပိုင်ရှင်မှာ တရားစွဲဆို ခံရမှုမှ ကင်းလွတ်မည်ဖြစ်ပြီး တရုတ်နိုင်ငံသားများသာ ဆက်လက်တရားစွဲဆိုစစ်ဆေးခံရဖွယ် ရှိသည်ဟု ၎င်းက ဆိုသည်။ တရားမ၀င်ဆေးခန်းဖွင့်ပြီး ရှောင်တိမ်း နေသူများကို စစ်ဆေးနိုင်ရန် လိုအပ်လျှင် နိုင်ငံတ ကာမှုခင်းရဲ တပ်ဖွဲ့ (Inter-Pol)၏ အကူအညီရယူသွားမည်ဟု ဒုရဲမှူးကြီးက ပြောထားသည်။
တော်ဝင်နှင်းဆီဆေးရုံ သုံး လွှာတွင် Health News ဆေးခန်း ဖွင့်လှစ်ကုသခဲ့သည့် တရုတ်နိုင်ငံ သားများ
နှင့် ဆေးရုံတာဝန်ရှိသူ တို့ကို ဆေးကုသရာ၌ ညစ်ညမ်းသော စာရွက်စာတမ်းများ နှင့် ညစ်ညမ်းရုပ်ပုံများ
ဖြန့်ချိဝေငှ ခြင်း၊ ပုဂ္ဂလိကဆေးရုံလုပ်ငန်း လိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်း၊ မြန် မာနိုင်ငံဆေးကောင်စီမှ ထုတ်
ပေး သော ဆေးကုသခွင့်လိုင်စင်မရှိဘဲ ကုသခြင်း၊ သက်ဆိုင်ရာအဖွဲ့များ ၏ တရားဝင်ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလိုင်စင် လွှဲပြောင်းငှားရမ်း ခြင်း၊ ဗီဇာစည်းကမ်းဖောက်ဖျက် ခြင်းစသည်တို့အတွက် ပြစ်မှုပုဒ်မ ၂၉၂ (က)၊ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၃၃/၃၅၊ မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေပုဒ်မ ၄၁/၄၂၊ လ.၀.က အက်ဥပဒေ ၁၃ (၁)တို့ဖြင့် ချမ်း အေးသာစံမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။
မောင်တာ | 7day

မှတ်ချက်များ