အငြိမ်းစား ဗိုလ်ချုပ်ဟောင်းတစ်ဦး အိမ်မီးလောင်မှု ဖြစ်ပွား

ဓါတ်ပုံ - Yangon Police
အငြိမ်းစား ဗိုလ်ချုပ်ဟောင်း တစ်ဦး၏ အိမ်မီးလောင်ကျွမ်း၍ တန်ဖိုးငွေ ကျပ်သိန်း (၂၀) ခန့် ဆုံးရှုံးခဲ့ကြောင်း လှိုင်မြို့နယ်၊ မီးသတ် ဦးစီးမှူး ဦးကျော်နိုင်က ပြောသည်။ အိမ် အမိုးပြုပြင်ဖို့ လျှပ်စစ် မော်တာကို သုံးတယ်။ သုံးတဲ့ အခါမှာ ၀ါယာတွေ ဒဏ်မခံနိုင်ဘဲ အပူ လွန်ကဲပြီး စတင် လောင်ကျွမ်း တာပါ ဟု ၎င်းက ဆိုသည်။

ယမန်နေ့က မရမ်းကုန်း မြို့နယ်၊ ဘောဂလမ်း၊ (၅) ရပ်ကွက်တွင် နေ့လယ် (၂) နာရီ (၅၅) မိနစ်အချိန်က မီးစတင် လောင်ကျွမ်းခဲ့ပြီး၊ နေ့လယ် (၃) နာရီ (၄၅) မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း ၎င်းက ပြောသည်။ အပေါ်ထပ်က မီးခိုးတွေ ထွက်လာတယ်။ အလုပ်သမားတွေ ဆင်းပြေးတယ်။

သုံးယောက်လောက်၊ နောက်သူတို့ရဲ့ အိမ်ကကားကို ထုတ်လာတယ်။ ပထမ မီးသတ်ကား တစ်စီးပဲ ၀င်လို့ ရတယ်။ နောက်မှ မီးသတ်ကား နှစ်စီး အောင်သုခလမ်းဘက်က ပတ်ဝင် လာတယ် ဟု အိမ်နီးနားချင်းတစ် ဦးဖြစ်သူ ဦးသန်းညွန့်က ပြောသည်။

အဆောက်အဦ အပေါ်ထပ်မှ တန်ဖိုး (၁၅)သိန်း၊ အတွင်းရှိ ပစ္စည်း တန်ဖိုး ငါးသိန်း၊ စုစု ပေါင်း ကျပ်သိန်း (၂၀) ခန့် ဆုံးရှုံးခဲ့ ရပြီး အိမ်ရှင် ဦးတင်အောင်ဝင်း (အငြိမ်းစား ဗိုလ်ချုပ်ဟောင်း) အားသက်ဆိုင်ရာ ရဲစ ခန်းတွင် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လှိုင်မြို့နယ်၊ မီးသတ် ဦးစီးမှူးက ပြောသည်။

ကေဇွန်နွေး | Messenger News Journal

မှတ်ချက်များ